
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ စစ်ကောင်စီရေတပ်စခန်းမှ တပ်သား ၃ ဦး သြဂုတ်လပထမပတ်အတွင်း ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ထွက်ပြေးသွားသည့် တပ်သား ၃ ဦးကို စစ်ကောင်စီတပ်က မြို့အဝင်အထွက်ဂိတ်များနှင့် ရေကြောင်းခရီးထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံများမှ ပြောသည်။
” စပြီးရေလမ်းကသွားတဲ့ သင်္ဘောတွေကိုစစ်တာ ၄ ရက်နေ့က ထင်တယ်၊ အဲ့ကောင်တွေပြေးတဲ့နေတော့ မသိဘူး။ စစ်တာကတော့ အခုရက်ထဲအတော်ဆိုးလာတာ”ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သား ၃ ဦးကို မြို့အဝင်အထွက် ဂိတ်များနှင့် ရေကြောင်းခရီးများတွင်ပါ ပိတ်ဆို့ရှာဖွေသည့်အပြင် ကျေးရွာများတွင်လည်း လိုက်လံရှာဖွေနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်သား ၃ ဦး၏ တပ်ရင်းအမည်နှင့် လက်နက်တွေ ပါ မပါဆိုသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးများအား မပြောဘဲ သတင်းအုပ်ကာ လိုက်လံ ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံများမှပြောသည်။