
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် သြဂုတ်လအစပိုင်းမှာတင် ညစဥ်တိုင်း နေအိမ်များနှင့်ခြံ၀န်းများကို ၀င်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း မြို့ခံများထံမှသိရှိရသည်။
စစ််အာဏာသိမ်းပြီးနောက်ပိုင်း ခိုးယူခံရမှုများ ပိိုမိုဖြစ်ပွားလာသော်လည်း နေအိမ်များအတွင်း အုပ်စုဖွဲ့ ဝင်ရောက်ခိုးယူမှုမှာ ဇူလိုင်လထဲမှစတင်ကာ ပိုမိုအဖြစ်များလာခြင်းဖြစ်ကြောင်း မြို့ခံများမှ ပြောသည်။
“အုပ်စုဖွဲ့ပြီးလုပ်နေတာ၊ တစ်ချို့တွေ ခိုးတာမြင်ပေမယ့် အန္တရာယ်ပြုမှာစိုးလို့မပြောရဲဘူး။ ရဲတိုင်လဲဘာမှမထူးတာ နေ့ဘက်ရောညဘက်ရော ပျောက်နေတာဆိုင်ကယ်တွေ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သြဂုတ်လ ၇ ရက်နေ့ညက မဟာစေတီလမ်းတွင်ရှိသော ပြည်တော်အေးအိမ်ယာ၀န်းအတွင်းက နေအိမ်များတွင် ဆိုင်ကယ်များကို ၀င်ရောက်ခိုးယူမှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ် ၂ စီး ပျောက်ဆုံးသွားကြောင်းသိရှိရသည်။
ပုသိမ်မြို့တွင် သြဂုတ်လအစပိုင်းမှာတင် ခိုးမှု၊လုယက်မှုများ ပိုများလာပြီး တစ်ပတ်အတွင်း ဆိုင်ကယ်အစီးရေ ၂၀ နီးပါး ခိုးယူခံခဲ့ရပြီး၊ ဓါးထောက်လုယက်မှု ၃ မှုဖြစ်ပွားခဲ့ကာတရားခံဖမ်းဆီးရမိတာမျိုးမရှိသေးကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောသည်။