ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
အင်ဒိုနီးရှားအောက်လွှတ်တော်က သြဂုတ်လ ရ ရက်မှ ၉ ရက်အထိ ဂျကာ တာမြို့တော်မှာ ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ (AIPA) မှာ မြန်မာပဋိပက္ခ အဆုံးသတ်ဖို့ အာဆီယံ ဘုံသဘောတူ ညီချက် ၅ ရပ်ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော်ဆောင်ဖို့ သဘောတူခဲ့တဲ့ တူညီဆန္ဒငါးရပ်ကို ကြိုး ပမ်းနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံလွှတ်တော်တွေကို ဖိတ်ကြားခဲ့တယ်လို့ ၄၄ ကြိမ်မြောက် အာဆီယံပါလီ မန်များညီလာခံ (AIPA) ဥက္ကဌ အင်ဒိုနီးရှား အောက်လွှတ်တော်နာယက ပွမ်မဟာရာနီက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိစေချင်တယ်ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ရပ်တည်ချက်က ရှင်းပါတယ်။ အာ ဆီယံခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ တူညီဆန္ဒငါးရပ်ကို စစ်ကောင်စီက ဖော်ဆောင်ရေး တွန်းအားပေးဖို့ အင်ဒို နီးရှားနိုင်ငံက အာဆီယံနိုင်ငံတွေကို တိုက်တွန်းပါတယ်” လို့ မဟာရာနီက ဆိုပါတယ်။
၄၄ ကြိမ်မြောက် အာဆီယံပါလီ မန်များညီလာခံ (AIPA) ကို တက်ရောက်နေတဲ့ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံမှာ ပဋိပက္ခအဆုံးသတ်မယ့် ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ စစ်ကောင်စီကို တိုက်တွန်းဖို့ အင်ဒိုနီးရှားနိုင်ငံက မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
“ဒီအစည်းအဝေးကို တက်ရောက်နေတဲ့ အာဆီယံနိုင်ငံအားလုံးက အာဆီယံ သဘောတူညီချက်နဲ့အညီ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး စစ်ကောင်စီကို တိုက်တွန်းနိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ မဟာရာနီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိရေးဟာ ၄၄ ကြိမ်မြောက် အာဆီယံပါလီ မန်များညီလာခံ (AIPA) မှာ ဉီး စားပေးဆွေးနွေးမယ့် အစီအစဉ်တစ်ခုဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်တွေကတစ်ဆင့် အာဆီယံပါလီမန်အဖွဲ့အနေနဲ့ မြန်မာပဋိပက္ခ အဖြေ ရှာတဲ့ ကြိုးပမ်းမှုတွေမှာ မဟာဗျူဟာမြောက် အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်” လို့ မဟာရာနီက ထောက်ပြတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖန်တီးဖို့ ကြိုးပမ်းမှုတွေဟာ “တည်ငြိမ်သော၊ သာယာဝပြောသော အာဆီယံ ဒေသအတွက် တာဝန်သိလွှတ်တော်များ” ဆိုတဲ့ အာဆီယံပါလီမန်များညီလာခံရဲ့ ယခုနှစ်ဆောင်ပုဒ်နဲ့ ကိုက်ညီ တယ်လို့ သူက ပြောပါတယ်။
၄၄ ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို မြန်မာမှလွဲ၍ အာဆီယံ ၉ နိုင်ငံမှ ကိုယ်စားလှယ်တွေ၊ လေ့လာသူ ၁၈ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၉ ခုမှ ကိုယ်စားလှယ်တွေ စုစုပေါင်း ကိုယ်စားလှယ် ၅၆၈ ဉီး တက် ရောက်နေတယ်လို့ သိရပါတယ်။
ကိုးကား – Antara News
Ref; RI raises five-point consensus at the 44th AIPA General Assembly