ဧရာ၀တီတိုင်းမ်
သြဂုတ်လ ၇ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို့တွင် ယခု သြဂုတ်လ အတွင်းက နေ့လယ်ပိုင်းတွင်ပင် နေအိမ်ဖောက်ထွင်းခိုးယူမှုများ ၊လုယက်မှုများ ဖြစ်ပွားနေပြီး တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ဧရာ၀တီတိုင်းတွင် သြဂုတ်လ အစပိုင်းမှာတင်ခိုးမှု ၊လုယက်မှုများ ပိုများလာပြီး စစ်ကောင်စီရုံးစိုက်ရာ ပုသိမ်မြို့တွင်တစ်ပတ်အတွင်း ဆိုင်ကယ်အစီးရေ ၂၀ နီးပါး ခိုးယူခံခဲ့ရပြီး ဓား ထောက်လုယက်မှု သုံးမှုဖြစ်ပွားခဲ့ကာ တရားခံဖမ်းဆီးရခြင်းမျိုး မရှိသေးကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံက သိရသည်။
“အရင်ကလို ညဘက်တင်မဟုတ်တော့ဘူး။ နေ့ခင်းဘက်မှာပါ အတင့်ရဲလာကြတာ။ အုပ်စုဖွဲ့ပြီး ကျူးလွန်ကြတယ်ထင်တယ်။ တိုင်ပေမယ့်လည်း တစ်ခါမှ မိတယ်လို့ မကြားရဘူး။ ကိုယ့်ဘာကိုယ်ပဲသတိနဲ့နေနေရတယ်” ဟု ငါးသိုင်းချောင်းမြို့ ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ငါးသိုင်းချောင်းမြို့အပါအ၀င် ရေကြည့်မြို့နယ်အတွင်းမှ မြို့များတွင် ဇွန်လ အစပိုင်းမှာ တင်ယခုလို ဒုစရိုက်မှုများဆက်တိုက်ဖြစ်ပွားနေပြီး တစ်ညအတွင်း ရပ်ကွက်အတွင်း ရှိနေအိမ်များမှ ဆိုင်ကယ် ၁၅ စီးအထိ ခိုးယူခံရသည့်ဖြစ်စဥ်များ ရှိကြောင်း ဒေသခံများထံက သိရသည်။