
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၇ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့တွင် သြဂုတ်လ ၆ ရက်နေ့က ဆိုင်ကယ်ဖြင့်၀င်ရောက်လာသော ရိုဟင်ဂျာ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးသွားကြောင်းသိရှိရသည်။
ကျွန်းလျှားရှည်အုပ်စု၊ သဲဖြူကျေးရွာအနီး မကျီးဇင်-ကြက်သွန်ကွင်းကားလမ်းပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာအမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ရခိုင်ရိုးမဘက်ကနေ ပွဲစားနဲ့ချိတ်ပြီး ၀င်လာတာလို့ယူဆရတယ်၊ လောလောဆယ်တော့စစ်ဆေးနေတုန်းပဲ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လွန်ခဲ့သော ၂ ရက်ခန့်က ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စုနှင့် (၄)မိုင်ခန့် ကပ္ပလီ ပင်လယ်ပြင်တွင် စက်လှေတစ်စီးနှင့်အတူ ရိုဟင်ဂျာ ၇၂ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာ၀တီတိုင်းတွင်၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ များဖမ်းဆီးခံရမှု ၇ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သော သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ရိုဟင်ဂျာ ၃၀၀ ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။