ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်
ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ခရီးသည်တင်ရထားတစ်စင်း လမ်းချော်ခဲ့ရာ လူ ၃၀ ဉီးထက်မနည်း သေ ဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။
သြဂုတ်လ ၆ ရက်က ခရီးသည် ၁၀၀၀ ခန့် တင်ဆောင်လာတဲ့ ခရီးသည်တင်ရထားတစ်စင်းဟာ ဆင်း ပြည်နယ် ကရာချိမြို့တော်မှ ထွက်ခွာလာစဉ် လမ်းချော်မှုဖြစ်ပွားခဲ့တာပါ။
ရထားတွဲဆယ်တွဲ လမ်းချော်တာကြောင့် ရထားတွဲအချို့ တိမ်းမှောက်ခဲ့ပြီး လူ ၈၀ ကျော် ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ ဒေသန္တရအာဏာပိုင်တွေနဲ့ မီဒီယာသတင်းတွေက ဖော် ပြပါတယ်။
အပျက်အစီးတွေအောက်ကနေ ခရီးသည်တွေကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့ လူအမြောက်အများရဲ့ပုံတွေ ကို အခင်းဖြစ်ရာနေရာမှာ ရိုက်ကူးထားတဲ့ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။
အဆိုပါ ခရီးသည်တင်ရထား လမ်းချော်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ် ဆေးနေတယ်လို့ သိရပါတယ်။
သက်တမ်းဟောင်းနွမ်းနေပြီဖြစ်တဲ့ ရထားလမ်းစနစ်တွေနဲ့ အခြားအချက်တွေကြောင့် ပါကစ္စတန်နိုင်ငံမှာ မီးရထားမတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားတယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; At least 30 killed after train derails in southern Pakistan