
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဇွန်လကုန်ပိုင်းကစတင်ပြီး ပိတ်ထားခဲ့ရသည့် KTV များကို စစ်ကောင်စီတပ်က ပြန်ဖွင့်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးပြပြီး ပိတ်ထားခိုင်းခဲ့ရာမှ လပိုင်းအကြာ ဩဂုတ်လ ၇ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
” မနက်ဖြန်စပြန်ဖွင့်ခိုင်းတယ်၊ ပိတ်တာတော့ ဒီမှာတင်မဟုတ်ဘူး၊ တော်တော်များများမြို့ကြီးတွေမှာ ပိတ်ထားပါတယ်။ အဓိကတော့ လုံခြုံရေးအခြေအနေအရ ပိတ်ထားခိုင်းပြီး ခုစိတ်ချရလို့ ပြန်ဖွင့်ခိုင်းတဲ့သဘောပါ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပုသိမ်မြို့တွင် KTV များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုတာမှန်ပေမယ့် ကျန်သည့် မြို့နယ်များတွင် ဖွင့်ခွင့် ပြု မပြုကိုတော့ ၎င်းအနေဖြင့်မသိရှိကြောင်း ဆက်လက်ပြောဆိုသည်။
KTV များကို စစ်ကောင်စီကပိတ်ခိုင်းပြီးနောက်ပိုင်း KTV လုပ်ငန်းရှင်များမှ စစ်ကောင်စီအရာရှိကြီးပိုင်းတွေထံ ဝင်ရောက်တွေ့ဆုံမှုများပြုလုပ်ပြီး လာဘ်ပေး လာဘ်ယူကိစ္စများကြောင့် ခုလိုမျိုးပြန်ဖွင့်ခွင့်ပေးတာဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုသည်။