ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

အစိုးရအဖွဲ့က အုံကြွမှုတွေကို နှိမ်နင်းဖို့နဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးပမ်းနေရလို့ သီရိ လင်္ကာ ယာယီသမ္မတ ရာနေးလ်ဝစ်ကရက်မဆင်းဂျ်က တိုင်းပြည်ကို အရေးပေါ်အခြေနေတစ်ရပ်အဖြစ် ကြေညာ လိုက်ပါတယ်။

စီးပွားရေး အကျပ်အတည်းကိုရှောင်လွှဲဖို့ ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းတွေအားလုံးကို လုပ်ဆောင်ခဲ့တယ်လို့ လူထုရဲ့ အစိုးရဆန့်ကျင်မှုကိုရှောင်ပုန်းဖို့ ပြီးခဲ့တဲ့အပတ်က ပြည်ပကို ထွက်ပြေးသွားခဲ့တဲ့ သီရိလင်္ကာသမ္မတ ဂို တာဘာယာက ပြောပါတယ်။

ဂိုတာဘာယာရဲ့ နှုတ်ထွက်စာကို သီရိလင်္ကာလွှတ်တော်က ပြီးခဲ့တဲ့သောကြာနေ့မှာ လက်ခံခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကိုလံဘိုမြို့တော်မှာ ဆန္ဒပြပွဲတွေပြု လုပ်ကာ သမ္မတအိမ်တော်နဲ့ရုံးတွေကို သိမ်းပိုက်ပြီးနောက် ဂိုတာဘာယာက မော်လ်ဒိုက်နိုင်ငံမှတစ်ဆင့် စင်ကာပူ ကို ထွက်ပြေးခဲ့ပါတယ်။

သီရိလင်္ကာလွှတ်တော်က ပြီးခဲ့တဲ့စနေနေ့မှာ သမ္မတသစ် ရွေးကောက်မှုလုပ်ငန်းစဉ် စတင်ခဲ့ပြီး လောင် စာဆီတင်သင်္ဘောတစ်စင်းလည်း ရောက်ရှိလာခဲ့ပါတယ်။ ဂိုတာဘာယာရဲ့ မဟာမိတ်တစ်ဦးဖြစ်သူ ဝီနေးလ်က သမ္မတရာထူးရယူဖို့ ယှဉ်ပြိုင်သူတစ်ဦးဖြစ်ပေမယ့် ဆန္ဒပြသူတွေကလည်း သူ့ကို ရာထူးမှနှုတ်ထွက်စေလိုတာကြောင့် ၄င်းသာ သမ္မတအဖြစ် ရွေးကောက်ခံရပါက ဆူပူမှုတွေ ထပ်ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေပါတယ်။

ဂိုတာဘာယာရဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့် သီရိလင်္ကာနိုင်ငံရဲ့စီးပွားရေး ကစဉ့်ကလျားအခြေအ နေ ဖြစ်ခဲ့ရပြီး ပြည်သူ ၂၂ သန်းကျော်ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက အစားအစာ၊ လောင်စာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ပါတယ်။

ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ တစ်တော့မှတစ်ဆင့် သမ္မတ ဂိုတာဘာယာကို ရာထူးကနေဖြုတ်ချဖို့ စီစဉ်မှုတစ်ခု က သီရိလင်္ကာနိုင်ငံတစ်ဝှမ်းမှ လူမျိုးအသီးသီးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအအရ ဂိုတာဘာယာ ရာထူးမှနှုတ်ထွက်ပြီးနောက် ရာနေးလ် က အလိုအလျောက် ယာယီသမ္မတ ဖြစ်လာခဲ့ပြီး ၄င်းက ဒီအပတ်အတွင်းပြုလုပ်မယ့် လွှတ်တော်ဆန္ဒပြုပွဲမှာ အမြဲ တမ်း သမ္မတရာထူးနေရာဆက်ခံဖို့ အလားအလာ အကောင်းဆုံးဖြစ်နေပါတယ်။

ကိုးကား – AFP
Ref; Sri Lanka acting president Wickremesinghe declares state of emergency