ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
ရှမ်းပြည်(တောင်ပိုင်း)၊ မိုးဗြဲမြို့တွင် ယနေ့မနက် (၂)နာရီအချိန်း ကတည်းကစတင်ကာ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များက မိုးဗြဲမြို့၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင် နှင့် ဘုရားကျောင်းတစ်နေရာတွင် လှုပ်ရှားမှုများပြုလုပ်နေပြီး ကားရေဆေးစင် အိမ်ပိုင်ရှင်ကိုလည်း အပြင်လုံးဝပေးမထွက်ဘဲ ထိန်းသိမ်းထားတယ်လို့ သတင်းအတိအကျရရှိထားသည်ဟု မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ မြို့အတွင်းတွင်ရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန် နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန် မိုးဗြဲ PDF က သတိထားသည်။ ထို့အပြင် အဆိုပါတိုက်ပွဲကြောင့် မိုးဗြဲဘက်မှာ ထိပ်တိုက်ပွဲ ဖြစ်နေသောကြောင့် လွိုင်ကော်-ဖယ်ခုံ-ပင်လောင်လမ်းကို အသုံးမပြုကြရန် ထပ်လောင်းသတိပေးထုတ်ပြန်ထားသည်။