ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
အာဆီယံအဖွဲ့က မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် တီမောလက်စတေးနိုင်ငံက အာဆီယံအဖွဲ့ကို မဝင် ရောက်ဘူးလို့ ဝန်ကြီးချုပ် ရှာနာနာဂတ်မော်က ပြောကြားလိုက်ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ ဒီမိုကရေစီကို လေးစားသမှုရှိဖို့ အာဏာသိမ်းမြန်မာစစ်ကောင်စီကို မ ဖျောင်းဖျနိုင်ခဲ့ဘူးဆိုတဲ့ တီမောလက်စတေးနိုင်ငံရဲ့ ရပ်တည်ချက်ကို ဝန်ကြီးချုပ် ရှာနာနာက ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို ပြောကြားခဲ့ပါတယ်။
“အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို နားမချနိုင်ရင် တီမောလက်စတေးနိုင်ငံက အာဆီယံအဖွဲ့ကို အယုံအကြည်မရှိတော့ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ သမ္မတ ရာမို့စ်ဟော်တာနဲ့ တွေ့ဆုံပြီးနောက် ရှာနာ နာက သမ္မတနန်းတော်မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်း ပမယ့် မြန်မာစစ်ကောင်စီရဲ့ ကတိကဝတ်ဟာ ဖြစ်မလာနိုင်ဘဲ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်း ပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းကာ အရေးပေါ်အခြေအနေကို သက်တမ်းတိုးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်နေတာကြောင့် မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ် ရွှေ့ဆိုင်းရတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
စစ်ကောင်စီက အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးတာဟာ မြန်မာနိုင်ငံကို အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု ပိုဖြစ်လာစေနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်ကို အလေးမထားမှုက အကျပ်အတည်းကို တာရှည်စေနိုင်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ပြောပါတယ်။
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီး၊ သတ် ဖြတ်ဖို့ ဝန်မလေးဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေပါတယ်။
ကိုးကား – VIPTV
Ref; PM Xanana: Timor-Leste will not enter ASEAN, if the ASEAN leaders do not convince the military junta in Myanmar