ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊သြဂုတ်လ ၆ ရက်

သည် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) မှ ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်(KBDF) နုတ်ထွက်၍ Local PDF အဖြစ်ရပ်တည်သွားမှဖြစ်ကြောင်း ကံပေါက် PDF က သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ကံပေါက် PDF သည် တနင်္သာရီ နှင့် မွန် တို့တွင် မဟာမိတ်မိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးနှင့်စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် ရေဖြူမြို့နယ်အခြေစိုက် အဖွဲ့တစ်ခု ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ပကဖအဖွဲ့ဝင်အဖြစ်ဝင်ခဲ့တာ အခုဆို ၂ နှစ်နီးပါးအထိရှိ လာခဲ့ပြီပေါ့။ ပုဂ္ဂိုလ်ရေးအရ မပြေလည်တာမျိုးတော့မရှိပါဘူး။ ကျွန်တော်တို့ အဖွဲ့ရဲ့သဘော ဆန္ဒ အလျောက်နုတ်ထွက်ခဲ့တာပဲဖြစ်တယ်။ အများကြီးတော့ မပြောလိုတော့ပါဘူး” ဟု KBDF မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် KBDF သည် ရေဖြူမြို့နယ် ပကဖ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသည် လမ်းညွှန်ချက်နှင့်မူဝါဒများအား လိုက်နာပြီး Local စစ်စစ်အဖြစ်ရပ်တည် သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ရည်မှန်းချက်တူတဲ့ အဖွဲ့အ စည်းတွေ အချင်းချင်းဖြစ်တာမို့ ခေါင်းစဥ်မတူပေမဲ့လည်း စစ်အာဏာရှင် ပြုတ်ကျရေး ကိုသာ တစိုက်မတ်မတ်ဦးတည်၍ ဘုံရန်သူကိုမမေ့ဘဲ NUG အစိုးရရဲ့ လမ်းညွှန်ချက် အတိုင်း လိုက်နာကျင့်သုံးသွားမည်။ အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာသည်အထိ စည်းလုံးညီညာစွာ စွမ်းစွမ်းတမံ တိုက်ခိုက်သွားမည်ဟု ဆိုထားသည်။

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် KBDF နုတ်ထွက်သည့်အပေါ် ရေဖြူမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူတွေကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပြီး လက်တလောတွင် ပြန်လည် ဖြေဆိုရန် အဆင်မပြေသေးကြောင်း ပြောကြားခဲ့သည်။

ရေဖြူမြို့နယ် အခြေစိုက် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် KBDF ကို စက်တင်ဘာလ ၃ ရက် ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဓာတ်ပုံ ၊ KBDF

#ရေဖြူမြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #KBDFနုတ်ထွက် #LocalPDF #Ayeyarwaddy_Times