
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
ဇွန်လအတွင်း အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရတဲ့ စစ်ကောင်စီထိန်းချုပ် ဘဏ်နှစ်ခုနဲ့ ငွေကြေးကိစ္စအားလုံးကို စီးပွားရေးလုပ်ငန်းတွေက သြဂုတ်လ ၅ ရက်မတိုင်မီ ရပ်ဆိုင်းရမယ်လို့ အမေရိကန်နိုင်ငံ က ကြေညာလိုက်ပါတယ်။
စစ်လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူရာမှာ ပြည်ပငွေကြေး အသုံးပြုနိုင်အောင်နဲ့ ပြည်ပငွေစာရင်းတွေ အ သုံးပြုပြီး နိုင်ငံတကာမှာ ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမည်ပျက်စာရင်းသွင်းကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
အဆိုပါဘဏ်နှစ်ခုဟာ ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်၊ အခြားလုပ်ငန်းတွေမှ အာဏာသိမ်းစစ် ကောင်စီကို အကျိုးအမြတ်ဖြစ်ထွန်းစေရာမှာ အဓိကနေရကနေ ပါဝင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဒဏ်ခတ်အရေးယူထားတဲ့ MFTB၊ MICB တို့နဲ့ ဆက်လက်ပြီး ငွေကြေးကိစ္စဆောင်ရွက်နိုင်ဖို့ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုတဲ့လိုင်စင်ကို ဇွန်လအတွင်း တရားဝင်ချထားခဲ့ပေမယ့် အမေရိကန်အစိုးရက ပြစ်ဒဏ်စ တင်တော့မယ့် သြဂုတ်လ ၅ ရက်မှစပြီး အဆိုပါခွင့်ပြချက်က သက်တမ်းကုန်ဆုံးပြီလို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းတွေက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မူဝါဒကို ဆန့်ကျင်ကာ အဆိုပါဘဏ်နှစ်ခုနဲ့ ငွေကြေးကိစ္စ ဆောင်ရွက်မှုရှိ မရှိ အသေအချာ စောင့်ကြည့်မှာဖြစ်ပြီး စည်းမျဉ်းချိုးဖောက်ရင် သင့်တော်သလို အ ရေးယူမယ်လို့ မီလာက ပြောပါတယ်။
တိုင်းပြည်အတွက် ဒီမိုကရေစီအနာဂတ်ရရှိဖို့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ကြိုးပမ်းနေတဲ့ မြန်မာပြည် သူတွေကို အမေရိကန်နိုင်ငံက ထောက်ခံအားပေးမှာဖြစ်ပါတယ်။ နိုင်ငံတကာငွေကြေးစနစ်ကို အသုံးချနေတဲ့ စစ် ကောင်စီရဲ့လုပ်ရပ်ကို ထိန်းချုပ်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ကျွန်တော် တို့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; US warns enforcement to begin against sanctioned Myanmar banks