ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်ဘိုကီးယားတို့ တွေ့ဆုံဆွေး နွေးကာ အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ စည်းလုံးညီညွတ်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါ တယ်။
သြဂုတ်လ ၂ ရက်က မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့တော်မှာပြုလုပ်တဲ့ ၂၄ ကြိမ်မြောက် မလေးရှား-ဘရူနိုင်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ခေါင်းဆောင်နှစ်ဉီးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဉီးက မြန်မာနိုင်ငံရဲ့ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကိုလည်း ဆွေး နွေးခဲ့ကြပြီး အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်နေတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ် ဖော်ပြောခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ ဖော်ဆောင်ဖို့ ခေါင်းဆောင်နှစ်ဉီး က တောင်းဆိုခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံရဲ့ အကိုးအကားဖြစ်နေဆဲဆိုတာ ထပ်လောင်းအတည်ပြုခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုရှိရေး အာဆီယံအဖွဲ့တွင်းနဲ့ ကုလသမဂ္ဂ အပါ အဝင် အခြားပြည်ပမိတ်ဖက်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အန်ဝါအီဘရာဟင်နဲ့ ဟတ်ဆန်နယ်ဘိုကီး ယားတို့က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေနဲ့ ဆုံးဖြတ်ချက်နဲ့အညီ မြန် မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တာရှည်ခံသောအဖြေတစ်ခုရှာဖို့လည်း ခေါင်းဆောင်နှစ်ဉီးက သဘောတူ ခဲ့ပါတယ်။
ကိုးကား – Bernama
Ref; Anwar, Sultan of Brunei stress the need for Asean to remain united, relevant