ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
အမေရိကန်နိုင်ငံမှ ထိုင်ဝမ်သို့ စစ်လက်နက်တွေ ထောက်ပံ့တဲ့အပေါ် မြောက်ကိုရီးယားက ဝေဖန်ခဲ့ပြီး ဝါ ရှင်တန်ဟာ ဒေသတွင်း တင်းမာမှုကို စစ်ပွဲဖြစ်အောင် တွန်းအားပေးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဘတ်ဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်သို့ ကွန်ဂရက်က ဒေါ်လာတစ်ဘီလီယံတန် ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ဖို့ အတည်ပြုခဲ့သလို ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီ ပေး အပ်ဖို့ အတည်ပြုခဲ့ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်က အန္တရာယ်များသော နိုင်ငံရေးနဲ့ စစ်ရေးရန်စမှုတစ်ခုဖြစ်ပြီး တရုတ်တစ်နိုင်ငံ တည်းမူဝါဒ ချိုးဖောက်မှုလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တရုတ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Maeng Yong Rim က ပြောတယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
“ထိုင်ဝမ်ကို စစ်လက်နက်တွေ ထောက်ပံ့တာဟာ ခေတ်မီ စစ်ဘက်အခြေစိုက်စခန်းတစ်ခုနဲ့ တရုတ်နိုင်ငံ ကို တိုက်ခိုက်နိုင်မယ့် ရှေ့တန်းကတုပ်အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်” လို့ မြောက်ကိုရီးယားနိုင်ငံရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနဲ့ တစ်ဖြည်းဖြည်း ပြန်လည်ပေါင်းစည်းကာ လိုအပ်ရင် အင်အားသုံး မယ်လို့ ပေကျင်းက ပြောပါတယ်။
ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို ပယ်ချပြီး ထိုင်ဝမ်ပြည်သူတွေဟာ ကိုယ့်အ နာဂတ်ကို ဆုံးဖြတ်ခွင့်ရှိတယ်လို့ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ ထိုင်ဝမ်ရေလက်ကြား အပါအဝင် အာရှ-ပစိဖိတ်ဒေသဟာ အမေရိကန်စစ်တပ် လှုပ်ရှားရာနေရာတစ်ခု မဟုတ်သလို စစ်ပွဲဖန်တီးဖို့ စမ်းသပ်ရာနေရာမဟုတ်ဖူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ရန်စမှုပြုလုပ်တဲ့အတွက် အမေရိကန်နိုင်ငံက တန်ဖိုးကြီးကြီး ပေးဆပ်ရ မယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
ကိုးကား – TRT World
Ref; North Korea: US weapons aid to Taiwan could ‘ignite war’