နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃ရက်နေ့

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြဝတီမြို့ ပေါ်က အနိမ့်ပိုင်း ရပ်ကွက်တချို့နှင့် ရန်ကုန်မြဝတီ အဝေးပြေးကားလမ်းတွင် ရေကြီး ၊ ရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

မြ၀တီမြို့ပေါ်တွင် ဇူလိုင်က ကုန်ကတည်းက မိုးရွာသွန်းနေခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၃ ရက်နေ့အထိ မိုးဆက်တိုက်ရွာသွန်းနေခြင်း ဖြစ်ကြောင်းသိရသည်။

“တစ်နေကုန်ရွာနေတာဆိုတော့ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေထဲမှာတော့ အိမ်ထဲအထိ ရေတွေဝင်လာတာ။ ရေတွေက ပြန်မကျဘဲ တဖြည်းဖြည်း အိမ်အစပ်အထိ မြုပ်လာနေပြီ” ဟု မြဝတီမြို့တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် မြ၀တီမြို့ အမှတ် (၄)ရပ်ကွက်အနောက်ပိုင်းတွင်းသို့ ရေများ ဝင်ရောက်နေပြီး အဝေးပြေး လမ်းတွင်လည်း ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲ များဖြစ်ပွားနေ၍ စစ်ဘေးရှောင်ဒေသခံအများအပြားရှိနေပြီး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- မြဝတီမြို့ ပေါ်နှင့်ရန်ကုန်-မြဝတီကားလမ်းမရေလျှံနေစဉ်

#မြ၀တီမြို့ #မိုးအဆက်မပြတ်ရွာသွန်း #ရေကြီးရေလျှံ #Ayeyarwaddy_Times