ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေကို လျှော့ပေါ့တာဟာ မြန်မာနိုင်ငံရဲ့ တ ရားဝင်အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူဟောင်း ရန်ဟီးလီက ပြောပါတယ်။
မင်းအောင်လှိုင်ဉီးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေကို လျှော့ပေါ့တာဟာ အကြံကုန်နေလို့သာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေကို လျှော့ပေါ့တာဟာ ရက်စက်ကြမ်း ကြုတ်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ စေ့စပ်ညှိနှိုင်းလိုတဲ့ လုပ်ရပ်တစ်ခုအဖြစ် မရှုမြင်သင့်ပါဘူး” လို့ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူအဖြစ် တာဝန်ယူခဲ့သူ ရန်ဟီး လီက ပြောပါတယ်။
တိုင်းပြည်တစ်ဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားနေပြီး ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေး ကစဉ့်ကလျားဖြစ် နေစဉ် စစ်ကောင်စီဟာ မြန်မာနိုင်ငံကိုထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လသက်တမ်း တိုးကာ ကတိပြုထားတဲ့ ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့်တို့ရဲ့ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးမယ်ဆိုရင် အရင်ဆုံး ပြည်သူတွေရဲ့ ထောက်ခံမှုတစ်ချို့ရရှိပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိမယ်လို့ သူတို့ ထင်နေကြတယ်” လို့ ရန်ဟီးလီက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေကို လျှော့ပေါ့ပေးတာဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တ ရားဝင် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုနိုင်ဖို့လုပ်ဆောင်တဲ့ ဟန်ပြလုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ သူက ဆိုပါ တယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေအများစုကို မထိန်းချုပ်နိုင်တော့ဘဲ ပိုင်နက် နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက် အပြည့်အဝမရှိတော့ဘဲ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မင်းအောင်လှိုင် က ဝန်ခံခဲ့ပါတယ်။
“လူထုထောက်ခံမှုမရှိတဲ့ မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေကို ကြည့်ရှုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အချိန်တန်ပြပြီ” လို့ ရန်ဟီးလီက ပြောပါတယ်။ ယူကရိန်းစစ်ပွဲနဲ့နှိုင်းယှဉ်ပါက မြန်မာ့အရေးကို နိုင်ငံတကာရဲ့ တုံ့ပြန်မှုက သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“မင်းအောင်လှိုင်နဲ့စစ်တပ်က ကိုယ့်ပြည်သူကို ကျူးကျော်တိုက်ခိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တစ်လလျင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ အကြိမ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ကာ သန်းချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်” လို့ ရန်ဟီးလီက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြဏ်ဒဏ်သက်ညှာခွင့်ပေးတာဟာ မြန်မာပြည်သူတွေရဲ့ အာဏာသိမ်းစစ် ကောင်စီအပေါ် တိုက်ပွဲဝင်မှု မထိခိုက်စေဘူးလို့ သူက ဆက်ပြောပါတယ်။
ကိုးကား – CNA
Ref; Aung San Suu Kyi’s pardon part of Myanmar junta’s attempt to seek legitimacy: Former UN expert