ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သြဂုတ်လ ၁ ရက်နေ့က မုန်တိုင်းအရှိန်ကြောင့် မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် သစ်ပင်အချို့ လဲပြီး နေအိမ်အချို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ တောင်ပေါ်သွားသည့် လမ်းတွင် သစ်ပင်အချို့ လဲကျခဲ့မှုနှင့် နေအိမ်အချို့ အမိုးလန်မှုများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကူညီရှင်းလင်းရေးများလုပ်ဆောင်ပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

” မနေ့ကတော့ သစ်ပင်တွေလဲတာများတယ်၊ နောက်အိမ်တွေ အမိုးလန်တယ်၊ စာရင်းကတော့ သေချာမသိရသေးဘူး။ သေဆုံးထိခိုက်တာမျိုးတော့ မရှိပါဘူး”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ ထက်မနည်း အမိုးလန်ပျက်စီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများမှ ခန့်မှန်းပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် မိုးရာသီတွင် လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးသည့်ဒဏ်ကို နှစ်စဥ်နှစ်တိုင်းခံရလေ့ရှိကြောင်း ဒေသခံများမှပြောသည်။

ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့

#ပုသိမ်မြို့နယ် #လေပြင်းတိုက်ခတ် #နေအိမ်များအမိုးလန် #Ayeyarwaddy_Times