
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်
မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်လက်နက်ကုန်သွယ်မှုဟာ ယူကရိန်းကျူးကျော်စစ်ပွဲ ဆင်နွှဲနေချိန် ရု ရှားရဲ့ ခက်ခဲနေတဲ့အခြေအနေကို ဖော်ပြနေတယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက သြဂုတ်လ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ရုရှားသို့ စစ်လက်နက်တွေ တင်ပို့ဖွယ်ရှိတယ်ဆိုသော သတင်းတွေထွက်ပေါ် ပြီးနောက် ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
“ရုရှားက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတစ်ရပ် ထူထောင်ထားပါတယ်” လို့ နေ့စဉ်သတင်းစာရှင်း လင်းပွဲမှာ နှစ်နိုင်ငံကြား လက်နက်ကုန်သွယ်မှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ပတ်ရိုင်ဒါက ဖြေကြားပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ သင်္ဘောတစ်စင်းမှ သိမ်းဆည်းရမိတဲ့ မြောက်ကိုရီးယားဒုံးကျည်တွေကို အသုံး ပြုနေရာ မြောက်ကိုရီးယားနဲ့ ရုရှားကြား ဖြစ်နိုင်ဖွယ်ရာ လက်နက်ကုန်သွယ်မှုကို ညွှန်ပြနေတယ်လို့ Financial Times က အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုချိုးဖောက်ကာ မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းမှာ အသုံးပြုဖို့ ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအဖွဲ့ထံ ခဲယမ်းမီးကျောက်တွေ ပေးပို့ခဲ့တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲ ခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့တဲ့ အမေရိကန်စစ်သည် ထရာဗစ်ကင်းရဲ့သတင်းကို မကြားရဘူးလို့လည်း သူက ဆိုပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ အမေရိကန်နိုင်ငံက တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တို့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။
ကိုးကား – Yonhap
Ref; Possible weapons trade between Russia, N. Korea shows difficulties facing Moscow: Pentagon