ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁ ရက်

ဘင်္ဂလာပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း ကုန်တွင်းသို့ ဝင်ရောက်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇ‌လဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းအပါဝင် ပဲခူး၊ ရန်ကုန်၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဩဂုတ်လ ၁ ရက်နေ့ (ယနေ့)မှ ဩဂုတ်လ ၃ ရက်နေ့ထိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများကျပြီး လှိုင်ကြီးရာကနေ လှိုင်အလွန်ကြီးလာနိုင်ကြောင်း သတိပေးထားသည်။

မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင် မြေပြင်မှာ တစ်နာရီကို လေတိုက်နှုန်း ၄၅ မိုင်မှ မိုင် ၅၀ အထိရှိနိုင်ပြီး လှိုင်အမြင့်ပေ ၁၂ ပေ‌ကနေ ၁၅ ပေထိမြင့်တက်လာနိုင်ကြောင်း အသိပေးထားသည့်ကိုတွေ့ရသည်။

ထို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်‌ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသတွင်နေထိုင်သူများ၊ ကမ်းရိုးတန်းဒေသနေထိုင်သူများနှင့် ပင်လယ် ကမ်းနီး ကမ်းဝေးငါးဖမ်းရေယာဉ်များ သတိထားဖို့အတွက် ကြိုတင်သတိထားဖို့ တိုက်တွန်းထားသည်။

#ဧရာဝတီတိုင်း #မုန်တိုင်း #မိုးကြီးလေပြင်းကျ #သတိပေးချက်ထုတ်ပြန် #Ayeyarwaddy_Times