ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်
ရုရှားပိုင်နက်အပေါ် ဒရုန်းဖြင့် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေစဉ် ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ မွေးရပ်မြေ ဇာတိမြို့မှာ ရုရှားတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူခြောက်ဉီးထက်မနည်း သေဆုံးကာ ၇၅ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်း နီပရိုပက်ထရိုဗက်ဒေသ ခရီဗီရီမြို့ရှိ လူနေအဆောက်အအုံတစ်လုံးနဲ့ တက္ကသိုလ်အ ဆောက်အအုံတစ်လုံးကို ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဉီး ပါဝင်တယ်လို့ ဒေသန္တ ရအစိုးရက ပြောပါတယ်။
ဇီလန်စကီးက ပျက်စီးသွားတဲ့ အဆောက်အအုံတွေရဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ငြိမ်းချမ်းသော မြို့တော်တွေနဲ့ပြည်သူတွေကို ဆက်လက်ပြီး အကြမ်းဖက်နေတဲ့ ကျူးကျော်သူတွေက ယူကရိန်း ဒေသတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းက မော်စကိုနဲ့ အခြားဒေသတွေအပေါ် ဒရုန်းဖြင့်တိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေစဉ် ရုရှား က ဒုံးကျည်ဖြင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်တာပါ။ “တစ်ဖြည်းဖြည်း စစ်ပွဲဟာ ရုရှားပိုင်နက်နယ်မြေကို ရောက်ရှိ လာပြီ” လို့ ဇီလန်စကီးက ပြောပါတယ်။
“အခုဆိုရင် စစ်ပွဲဟာ မသက်ဆိုင်သူတွေကို သက်ရောက်မှုဖြစ်စေပါပြီ” လို့ ယူကရိန်းလေတပ်ဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ ယူရီအိုင်နတ်က ပြောပါတယ်။
ယူကရိန်း လုံခြုံရေးအာဏာပိုင်တွေက အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ဝေဟင်၊ ရေပြင်ကနေ မော်စကို၊ ခရိုင်းမီးယားနဲ့ အခြားဒေသတွေအပေါ် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင်းပတ်ထရူရှက်ဗ်က ပြောပါတယ်။
ပတ်ထရူရှက်ဗ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အနီးကပ် လက်ထောက်တစ်ဉီးဖြစ်ပါတယ်။ ယူက ရိန်းတပ်ဖွဲ့ဟာ စစ်မြေပြင်မှာ ထိခိုက်ကျဆုံးမှု များနေပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက ပြောပါ တယ်။
ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်လအတွင်း တပ်ဖွဲ့ဝင် ၂၀၈၀၀ ဉီးနဲ့ Leopard တင့်ကား ၁၀ စင်း အပါအ ဝင် စစ်လက်နက်တွေ ဆုံးရှုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
တန်ပြန်ထိုးစစ်ဆင်မှု ရှုံးနိမ့်တာကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟာ အရပ်ဘက် အခြေခံအဆောက်အအုံ တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Russian missiles strike Zelenskyy’s hometown, leaving at least 6 dead