ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ တက္ကသိုလ် ကန်ပတ်လမ်းပေါ်တွင် ဇူလိူင်လ ၃၁ ရက်နေ့ ညပိုင်းက လူငယ်တစ်ဦး ရိုက်နှက်ဓါးထောက်ပြီး ဆိုင်ကယ်လူယူခံလိုက်ရကြောင်းသိရှိရသည်။
လုယက်ခံရသည့် လူငယ်သည် ညအစောပိုင်း တက္ကသိုလ်အနီးတွင် လက်ဖက်ရည်ဆိုင်ထိုင်ပြီးအပြန် လုယက်ခံရခြင်းဖြစ်ပြီး PCX ဆိုင်ကယ်နှင့် ဖုန်းပါသွားကြောင်းမျက်မြင်တွေ့ရှိသူများကပြောသည်။
“ည ၇ နာရီလောက်ပဲရှိပါသေးတယ်၊ တစ်ယောက်ထဲ ပြန်တဲ့လူတွေကိုပစ်မှတ်ထားကြတယ်တူတယ်။ ဆိုင်ကယ်ခြင်းကပ်ပြီး တုတ်နဲ့ရိုက်လို့ လဲသွားမှ ဓါးနဲ့ထပ်ထောက်ပြီး ဆိုင်ကယ်ကိုလုသွားတာ။ သူ့ကလဲ ဓါးထောက်ထားတော့ အကူညီမတောင်းရဲတော့ဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ လမ်းသွားလမ်းလာများကို ဆိုင်ကယ်စီးပြီးလိုက်လံလုယက်မှုတွေနဲ့ နေအိမ်တွေကို ၀င်ရောက်ခိုးယူမှုတွေ ပိုမိုဖြစ်ပွားခဲ့ပြီး တရားခံများကိုဖမ်းမိခြင်းတစ်ကြိမ်မှမရှိသေးကြောင်း ဒေသခံများမှ ပြောသည်။
“တစ်ချို့ လုတဲ့အပြင်လူကိုပါ ဓါးနဲ့ထိုးသွားသေးတယ်၊ ညဘက်ဆိုအပြင်ထွက်ရမှာလန့်နေရတယ်” ပုသိမ်မြို့ခံတစ်ဦမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့တွင်နေ့စဥ်တိုင်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များအင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာ အဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနှိုက်မှုတွေနေ့စဥ်ဖြစ်ပွားနေပြီး၊ လောင်းကစား၊မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #လုယက်မှု #ဆိုင်ကယ်လုယက်ခံရ #Ayeyarwaddy_Times