ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်
အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးကာ ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်ရေး အမြန်ပြန်သွားဖို့ ကုလသမဂ္ဂက တောင်းဆို လိုက်ပါတယ်။
“ကျွန်တော်တို့ အာဏာသိမ်းမှုကို ဆက်လက် ဆန့်ကျင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖြစ် နိုင်သမျှစောပြီး ပြန်သွားစေလိုပါတယ်” လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က သတင်း ထောက်တွေကို ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှစ၍ အရေးပေါ်အခြေအနေကို စတုတ္ထအကြိမ်မြောက် သက်တမ်းတိုးခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှု ရွှေ့ဆိုင်းဖို့လည်း စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆွေးနွေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်မှာ စစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့အစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားကာ စစ်အုပ်ချုပ်ရေးပြုလုပ်တာကို ပြည်သူတွေက ဆန့် ကျင်တာကြောင့် တိုင်းပြည်တစ်ဝှမ်း မငြိမ်မသက်မှုတွေ ဖြစ်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားတာဝန်ရှိသူတွေကို ထိန်းသိမ်းကာ ဆန္ဒ ပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ပွဲဖြစ်ဖို့ သက်ဆင်းသွားပြီလို့ ကုလ သမဂ္ဂက သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြည်သူ ၁ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ကလေးငယ် ၅ သန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကိုးကား – TRT World
Ref; UN calls for return to democracy in Myanmar