ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇူလိုင်လ ၃၁ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ပြီးခဲ့သည့်ဇူလိုင်လ ၂၉ ရက်နေ့က စစ်ကောင်စီ တပ်သား များတပ်စွဲထားသည့် နေရာသုံးခုကို ရိုးမစစ်ကြောင်း (၂) ပူးပေါင်းအဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီး အပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
ဖြူးမြို့နယ်၊ လေးအိမ်စုရွာအတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၂၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က ဒရုံးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပေါင်ထိခိုက်ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတို့၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့၊ လူနေအိမ် တွေမှာ သူတို့ခြေကုပ်ယူထားကြတယ်။ ခုလောလောဆယ်တော့ စစ်ကော င်စီက ပဲခူးဖက်ကို အင်အားတော်တော်များများပို့လာတာ တွေ့ရတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ဒရုန်းသုံး၍ ၆၀-မမ ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ထိမှန်ခဲ့ပြီး အုတ်ဖြတ်ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မိတ္ထီလာစုရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ကြောင်း ရိုးမစစ်ကြောင်း(၂)ထံက သိရသည်။
ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း
#ဖြူးမြို့နယ် #ဒရုန်း #စစ်ကောင်စီ #တိုက်ခိုက် #စစ်ကောင်စီတပ်ကြပ်ကြီးသေဆုံး #ရိုးမစစ်ကြောင်း၂ #Ayeyarwaddy_Times