ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

လူထုစုဝေးပွဲတစ်ခုမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃၉ ဉီး သေဆုံးခဲ့ပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ပါကစ္စတန်နိုင်ငံရှိ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အသေခံဗုံးခွဲမှုလို့ ရဲတပ်ဖွဲ့က ယူဆတဲ့ အဆိုပါဗုံးပေါက်ကွဲမှုအတွက် ဘယ်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဆို တာ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပေ။

ပါကစ္စတန်အနောက်မြောက်ပိုင်း ခိုင်ဘာပတ်တွမ်ခွာပြည်နယ်ရှိ အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့ငယ်တစ်ခုမှာ မနေ့ကပြုလုပ်တဲ့ အစ္စလာမ္မစ်ပါတီတစ်ခုရဲ့ လူထုစုဝေးပွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ တာပါ။

ဗုံးပေါက်ကွဲချိန်မှာ လူထုစုဝေးပွဲမှာ လူပေါင်း ၄၀၀ တက်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗုံး ကွဲပြီးနောက် ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ တစ်ဉီးပြီးတစ်ဉီး ပို့ဆောင်နေပုံကို ရုပ်သံဖိုင်တစ်ခုမှာ မြင်တွေ့ရပါ တယ်။

လာမယ့်လအတွင်း အောက်လွှတ်တော်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ နိုင်ငံရေးပါတီတွေဟာ မဲဆန္ဒ ရှင်တွေကို မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း အကြမ်းဖက်မှုလုပ်ရပ်တေွ မြင့်တက် လာနိုင်ပါတယ်။

၂၀၀၇ ခုနှစ်ကလည်း အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိုအချိန်က အတိုက်အခံခေါင်းဆောင်တစ်ဉီးဖြစ် သူ ဝန်ကြီးချုပ်ဟောင်း ဘီနာဇီယာဘူတို သေဆုံးခဲ့ပါတယ်။

ကိုးကား – NHK
Ref; Explosion by possible suicide bomb kills 39 at Pakistan political rally

#Ayeyarwaddy_Times