ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်အားမလုံလောက်၍ စစ်မှုထမ်းဟောင်းအငြိမ်းစားများကိုပြန်လည်ခေါ်ယူကာကျေးရွာများ၌ လုံခြုံကင်းစောင့်ခိုင်းမှုများရှိနေကြောင်းစစ်မှုထမ်းဟောင်းအသိုင်းအဝန်းနှင့်ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၂၈ ရက်ကစပြီး ငပုတောမြို့နယ်၌ စစ်မှုထမ်းဟောင်းအငြိမ်းစား များကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှအရန်အင်အားအဖြစ်ပြန်လည်ခေါ်ယူကာ
စစ်ကောင်စီသတင်းပေးပုံစံအဖြစ် မြို့အဝင်အထွက်နှင့် ကျေးရွာများတွင်လုံခြုံရေးကင်းစောင့်ခိုင်းမှုများရှိနေကြောင်း စစ်မှုထမ်းဟောင်းအငြိမ်းစား
များမှ ပြောသည်။
” ဥက္ကဌ အိမ်ကိုခေါ်ပြီးတော့ တော်လှန်ရေး အဖွဲ့ နဲ့ဆက်စပ်သူတွေ၊ ထောက်ပို့လုပ်သူတွေကိုသတင်းစုံစမ်းဖို့အဖွဲ့ဖွဲ့တယ်။ နောက်မြို့ထဲမှာကောရွာတွေမှာတပ်အင်အားနည်းနေတဲ့အတွက်လုံခြုံရေးကိစ္စတွေကိုပူးပေါင်းလုပ်ရမယ်ပေါ့။ အသက်အရွယ်ကလည်းကင်းလိုက်စောင့်ရမဲ့အရွယ်လည်းမဟုတ်ဘူး။ ကိုယ့်ဒုက္ခကိုယ်ရှာကြတာလို့ပဲမြင်တယ်” ဟုဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်မှုထမ်းဟောင်းများကို လုံခြုံရေးအဖြစ် အသုံးပြုရန်အတွက်တစ်ရက်လျှင်ငွေ ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အထိ ပေးအပ်မည့်အပြင် လုံခြုံရေးအကြောင်းပြကာ နေ့စဥ် ငွေအတင်း အကြပ် ကောက်ခွင့်ကိုလည်းခွင့်ပြုပေးထားကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ငပုတောမြို့နယ်တွင် လက်ရှိ၌ စစ်မှုထမ်းဟောင်းအငြိမ်းစားဦးရေ (၆၀)ဦးထက်မနည်းကို စစ်ကောင်စီတပ်မှ လက်နက်ထုတ်ပေးကာမြို့အဝင်အထွက်နေရာနှင့် ကျေးရွာများရှိအဝင်အထွက်နေရာများ၌ လုံခြုံရေးစောင့်ခိုင်းမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
#ငပုတောမြို့နယ် #စစ်မှုထမ်းဟောင်း #လက်နက်ထုတ်ပေး #ကင်းစောင့်ခိုင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times