ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြပွဲတစ်ခုအတွင်း ဒါကာမြို့ တော်ရှိ အဓိက လမ်းမကြီးများကို ပိတ်ဆို့ကာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို ဘင်္ဂလားဒေ့ရှ်ရဲ တပ်ဖွဲ့က ရော်ဘာကျည်နဲ့ မျက်ရည်ယိုဗုံးသုံးကာ လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ်ထွက်ပေးဖို့ တောင်းဆိုကာ လာမယ့်နှစ် ဇန်နဝါရီလမှာပြုလုပ် ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကိုကြီးကြပ်မယ့် အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်ပြုဖို့ အတိုက်အခံ BNP နဲ့ မ ဟာမိတ်တွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန္ဒပြပွဲတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။
ဒါကာမြို့တော်ရှိ အရေးပါတဲ့ လမ်းမကြီးတွေကို ပိတ်ဆို့ဖို့ စုဝေးနေတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေကို ရဲ တပ်ဖွဲ့က လူစုခွဲဖို့ ကြိုးပမ်းချိန် နေရာများစွာမှာ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။
“ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော်တို့ မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်တွေ ပစ်ခတ် ခဲ့ပါတယ်” လို့ ဒါကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်အာမက်က ပြောပါတယ်။
ဒါကာမြို့တော်ရှိ နေရာလေးခုထက်မနည်းမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ပဋိပက္ခတွေ ဖြစ် ပွားခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒဏ်ရာရရှိသူ ဆန္ဒပြသမားခြောက်ဉီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ ဒါကာ ဆေးကောလိပ်ဆေးရုံမှ ရဲအရာရှိတစ်ဉီးဖြစ်သူ ဘတ်ချူမီယာက ပြောပါတယ်။
BNP ခေါင်းဆောင် ဂိုယက်ရွှာရွိုင်းနဲ့ အမန်နူလာအေမန်တို့ကို ရဲတပ်ဖွဲ့က အချုပ်ထဲထည့်ခဲ့ပေမယ့် တ ရားဝင် ဖမ်းဆီးတာမဟုတ်ဖူးလို့ ဖာရွတ်အာမက်က ပြောပါတယ်။
ရှိတ်ခ်ဟာစီနာရဲ့ Awami League ဟာ ၂၀၀၉ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာဏာရရှိခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ အဂတိလိုက်စားမှုနဲ့ အာဏာရှင်စနစ် ကျင့်သုံးတယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီသီတင်းပတ်အတွင်း BNP ပါတီဌာနချုပ်အပြင်ဘက် လူစုဝေးပွဲတစ်ခု မပြုလုပ်မီ ရဲတပ်ဖွဲ့က အတိုက် အခံ တက်ကြွလှုပ်ရှားသူ ၅၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အနောက်နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင် ငံရေးအခြေအနေကို စိုးရိမ်မိတဲ့အကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ထောင်နဲ့ချီတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ထိန်းသိမ်းပြီး ရာ နဲ့ချီတဲ့ အတိုက်အခံတွေကို သတ်ဖြတ်ကာ ရာပေါင်းများစွာသော ခေါင်းဆောင်တွေ၊ အတိုက်အခံတွေကို အစအန ဖျောက်ပစ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်နိုင်ငံက လုံခြုံရေးတပ်ဖွဲ့နဲ့ အကြီးတန်းအရာရှိခုနှစ် ဉီးကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် နှစ်ကြိမ်တာဝန်ယူဖူးပြီး လက်ရှိဝန်ကြီးချုပ် ဟာစီနာရဲ့ရန်ဘက်တစ်ဉီးဖြစ်သူ BNP ခေါင်း ဆောင် ခါလီဒါဇီယာကို လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားပါတယ်။
ကိုးကား – The Guardian
Ref; Bangladesh police clash with protesters calling for PM to resign