ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၀ ရက်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအလွန် ကောင်းနေခြင်းကြောင့်ယနေ့ ဇူလိုင် ၃၀ ရက် ညနေ့အထိ ခန့်မှန်းချက်အရ တိုင်းနှင့် ပြည်နယ်တချို့တွင် မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနေမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် လာမည့် ၂ ရက်အထိ ဆက်လက် မိုးပိုများ‌နေမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မကွေးတိုင်းတို့တွင် ကွက်ကျားမိုး ထစ်ချုန်း ရွာသွန်းမည် ဖြစ်ပြီးနေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကယား ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်အရသိရ သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်၍ လှိုင်းကြီးနိုင်ပြီး တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း ဆိုထားသည်။

အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်လျက်နေသည့် အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေ‌ကြောင်း သိရသည်။

ဓာတ်ပုံ – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#မုတ်သုံလေ‌အားကောင်း #မိုးကြီး #တိုင်းနှင့်ပြည်နယ် #Ayeyarwaddy_Times