နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ် ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၂၉ရက်နေ့ မနက်အစေားပိုင်းတွင် လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပုလဲမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးပြီး နောက် မြို့မရဲစခန်းနှင့် မြို့နယ်ထွေအုပ် ရုံးသို့ ပြန်ဝင်လာသည့်အချိန်တွင် လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
အဆိုပါတိုက်ခိုက်မှု့ကို ချင်းတွင်း တိုးနယားတပ်ဖွဲ့ ၊ ဒေါင်းမင်းတပ်ဖွဲ့ ၊ စွန်ရဲတပ်ဖွဲ့ နှင့် Brave Eagle Revloution Force တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို သတင်းစုံစမ်းနေဆဲဟု သိရသည်။
ဇူလိုင်လ ၂၈ရက်နေ့ ကလည်း ပုလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား MRDA ခရိုင်တပ်ရင်း (၆) မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား လေးဦး သေဆုံးခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် ကျေားပိုးအိတ်များ ခဲယမ်း ဗုံးသီးများ နှင့် ဆေးဝါးအချို့ကိုပါ သိမ်းစည်း နိုင်ခဲ့သည်ဟု MRDA တပ်ဖွဲ့ထံမှသိရသည်။
စစ်ကောင်စီတပ်သည် အင်အားအများအပြားနှင့် စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မကြာခဏ ထိတွေ့ တိုက်ပွဲများဖြစ်နေပြီး ပုလဲမြို့နယ် ၊ ယင်းမာပင်မြို့နယ် နှင့် ဆားလင်းကြီး မြို့နယ်တို့တွင် စစ်ကောင်စီ က စစ်ကြောင်း ထိုးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
#ပုလဲမြို့ #စစ်ကောင်စီစခန်းချထားသည့် #နေရာအချို့ကို #တော်လှန်ရေးတပ်ဖွဲ့များ #ဝင်တိုက် #Ayeyarwaddy_Times