နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ရက်

ကရင်ပြည်နယ် မြိုင်ကလေးမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး သံလွင်မြစ်ရေ မြင့်တက်လာသည့်အတွက် လမ်းမကြီးများနှင့် လူနေရပ်ကွက် အချို့တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

မနေ့နေ့လည် လောက်က စပြီးရေတတ်လာတာ မိုးကလည်းအရမ်းကောင်းနေပြီး ဈေးဆိုင်တန်းတွေနဲ့ ကားလမ်းမကြီး ပေါ်အထိရေရောက်နေတယ်။ လက်ရှိ ကားလမ်းမပေါ် မှာတော့ ကားတွေ ခေတ္တရပ်ထားကြရတယ်။ တချို့ဈေးဆိုင်တွေဆိုရင်အကုန်ပိတ်ထားရတယ်အလွယ်တကူ ရွှေ့ပြောင်းလို့ရတဲ့ပစ္စည်းတွေကိုတော့ ရွှေ့ပြောင်းတာတွေလုပ်နေရတယ်” ဟု မြိုင်ကလေးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့်အတူ မြစ်ရေများ မြင့်တက်လာသည့်အတွက် ရန်ကုန် ဘားအံ ကားလမ်းပိုင်းအချို့ နှင့် မြိုင်ကလေးမြို့ စျေးတန်းတလျောက် ရေနစ်မြုတ်နေပြီး ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကြီးနစ်မြုတ်မှု အန္တရာယ် ပိုမိုကျရောက်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

#မြိုင်ကလေးမြို့နယ် #မိုးရွာသွန်းမှုများ #ရေကြီးရေလျှံမှုများ ဖြစ်ပေါ် #Ayeyarwaddy_Times