ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၉ ရက်

ကရင်နီဒေသရှိ လွိုင်ကော် – မိုးဗြဲ လမ်းမကြီးနှင့် လွိုင်ကော် -ဆီဆိုင် လမ်းမကြီးများကို စစ်ကောင်စီတပ်နှင့် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် ဇူလိုင် ၁၈ ရက်နေ့မှစတင်၍ ခရီးသွားလာခွင့် ပိတ်ပင်ထားရာမှ ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ပြန်လည်အသုံးပြု သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကရင်နီဒေသတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် ပြည်သူလူထု၏ လုံခြုံရေးအတွက် လွိုင်ကော် – မိုးဗြဲ လမ်းမကြီးနှင့် လွိုင်ကော် -ဆီဆိုင် လမ်းမကြီးများတွင် သွားလာခွင့်ကို ပိတ်ပင်ထားခဲ့ပြီး ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့မှ စတင်၍ မိဘပြည်သူများအနေဖြင့် လုံခြုံရေးအသိဖြင့် ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ်(၂) သတင်းနှင့်ပြန်ကြားရေးက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#ကရင်နီဒေသ #ယာယီတားမြစ်ပိတ်ပင် #လွိုင်ကော်မိုးဗြဲလမ်းမကြီး #လွိုင်ကော်ဆီဆိုင်လမ်းမကြီး #အသုံးပြုနိုင် #KNDF #Ayeyarwaddy_Times