ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၂၈ ရက်
ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ရွာနှင့် ခရိုင်ရုံးအကြားတွင် ဇူလိုင် ၂၆ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်ခန့်က စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က စစ်ဆင်ရေးတစ်ခုပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ချမ်းမြေ့အောင်(ကိုယ်ပိုင်အမှတ် လ -၂၃၁၉၀၈)ကို ခြောက်လုံးပြူးပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံ ၅၀ ထောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း လက်ရှိသတင်းရေးသားချိန်အထိ ဆက်သွယ်၍ မရသေးသည့်အတွက် အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။
ဓာတ်ပုံ-CDF-မတူပီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) #စစ်ကောင်စီလက်အောက်ခံ #ဒုရဲအုပ်တစ်ဦး #လက်နက်များနှင့်အတူ #အရှင်ဖမ်းမိ
#Ayeyarwaddy_Times