နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏လက်အောက်ခံ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်(UEC)ကို ကမ္ဘောဒီးယားရွေးကောက်ပွဲသို့ သွားရောက် လေ့လာရန် စေလွှတ်ခဲ့ခြင်းသည် ဟန်ပြဖြစ်ပြီး ပုံတူကူးချမည်ဆိုပါက စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူနှင့် ဥပဒေပညာရှင်များက ဆိုသည်။

စစ်ကောင်စီ၏ UEC သည် ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်မှ ၂၅ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက်ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာသူများ အဖြစ်သွားရောက်လေ့ လာခဲ့ကြောင်း သိရသည်။

“ကမ္ဘောဒီးယားက အတိုက်အခံမရှိဘဲ လုပ်တာဆိုတော့ လုံးဝပြတ်တယ်။ အဲဒီပုံစံမျိုး ဒီမှာတော့ ချိုးလို့မရဘူ။ နောက်တစ်ခုက ဒီအတိုင်းဆိုရင် ရွေးကောက်ပွဲ လုံးဝ လုပ်လို့ မရဘူးဆိုတာ သူတို့(စစ်ကောင်စီ)ကိုယ်တိုင်သိတယ်။ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတာလည်း ဟန်ပြပေါ့ဗျာ။ ကမ္ဘာကြီးကိုရော၊ ပြည်သူတွေကိုရော၊ ရွေးကောက်ပွဲ ကော်မရှင်က လိမ်တာပေါ့နော်။ မက်လုံးပေးတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဧရာ ဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ဖနွမ်းပင်မြို့နှင့် ကန်ဒယ်ပြည်နယ်တို့ရှိ ကန်ဒယ်ပြည်နယ် ဆရာအတတ်သင်ကျောင်း၊ ဘွန်ရာနီခရိုပါဟာ မူလတန်းကျောင်း၊ ဟွန်ဆန်ဆက်တ ဘောင်း မူလတန်းကျောင်းတို့၌ ဖွင့်လှစ်ထားသည့် မဲရုံပြင်ဆင် နေမှုများကို သွားရောက်လေ့လာခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဆိုသီရာရော့စ် အလယ်တန်းကျောင်းနှင့် 8 March မူကြိုကျောင်းတို့တွင် မဲရုံဖွင့်လှစ်နေမှု၊ ကန်ဒယ်ပြည်နယ် ဆရာအတတ်သင်ကျောင်း၊ ဘတ်တုအထက်တန်း ကျောင်းနှင့် အက်နိုဝတ်ဖနောင် မူလတန်းကျောင်းတို့၌ မဲပေးနေမှု အခြေအနေများ ကိုလည်းကောင်း သွားရောက်လေ့လာခဲ့သည်ဟု ထုတ်ပြန်ပြောဆိုသည်။

“တချက်က သူတို့(စစ်ကောင်စီ)ကို အရာသွင်းပြီး ဖိတ်ခေါ်တာရယ်၊ အာဏာရှင် နိုင်ငံမျိုးက ၉၆ ရာနှုန်းကျော် အနိုင်ရအောင် ပြိုင်ဖက်အထင်ကရ ခေါင်းဆောင်တွေကို ဘယ်ပုံဘယ်နည်း ဖယ်ရှားနိုင်ခဲ့သလဲလို့ သိချင်တာလည်း ပါတယ်။ သူတို့အတွက်က ရွေးကောက်ပွဲကို ဒီမိုကရေစီ အမည်တပ်နိုင်ဖို့ အရေးကြီးနေတယ်။ ဒါပါပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများနှင့် မြန်မာနိုင်ငံ၏ နောက်ခံ သမိုင်း ကြောင်းများ၊ လက်ရှိမြန်မာပြည်တွင် ဖြစ်ပျက်နေသော ပဋိပက္ခအခြေအနေသည် လုံးလုံးမတူညီခြင်းကို သတိပြုရလိမ့်မည်ဖြစ်သည်။ စစ်ကောင်စီ၏ မည်သည့် လုပ်ဆောင်ချက်ကိုမျှ ပြည်သူလူထုက လက်မခံတော့သည့် အခြေအနေဖြစ်သလို အခြားတစ်ဖက်တွင်လည်း ကုလအပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို အစိုးရ တစ်ရပ်ဟု သတ်မှတ်ခြင်းမရှိ၍ နိုင်ငံရေး တရားဝင်မှုမရှိသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေစောဘဦးလေးက ဆိုသည်။

“စစ်ကောင်စီအနေနဲ့ လက်ရှိကာလမှာ ကမ္ဘာ့နိုင်ငံတွေ အဓိကအားဖြင့် အာဏာရှင် နိုင်ငံတွေမှာ ပြုလုပ်နေတဲ့ ရွေးကောက်ပွဲတွေကို လေ့လာအတုယူပြီး ပုံတူကူးချ ပြုလုပ်မယ် ဆိုရင်တော့ စိတ်ကူးယဉ်မှု သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ သဲထဲရေသွန် ဘာအရာမျှ ထင်စရာမရှိပါဘူး။ စစ်ကောင်စီက တောက်လျှောက်စွဲကိုင်ထားပြီး ဂါထာမန္တန်ရွက်သလို ပြောဆိုနေတဲ့ ၂၀၀၈ ခြေ/ဥအရကို အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲကို ကျင်းပပေးနိုင်တဲ့ အခွင့်အာဏာ မရှိဘူးဆိုတာ သတိပြုဖို့ လိုပါ လိမ့်မယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပပုံ၊ မဲရုံများ ဖွင့်လှစ်ထားရှိမှုနှင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များနှင့် ထင်ရှားသောနေရာများကို သွားရောက်လေ့လာခဲ့ပြီး ဇူလိုင်လ ၂၂ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအား လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည့် ဆွေးနွေးပွဲကိုလည်း တက်ရောက် ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ UEC သွားရောက်လေ့လာခဲ့သည့် ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုခဲ့သည့် လက်ရှိ အာဏာရ ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) ကသာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

အသက် ၇၀ နှစ်အရွယ် ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို ၁၉၈၅ ခုနှစ်နောက်ပိုင်း ကတည်းက အုပ်ချူပ်ခဲ့ပြီး အတိုက်အခံများကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး ပြိုင်ဘက် မရှိ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကို အနိုင်ရရန် စီစဉ်ပြုလုပ်သော ဟန်ပြရွေးကောက်ပွဲဖြစ်သလို ယင်းရွေးကောက်ပွဲအား ယုံကြည်မှုမရှိကြောင်း ပြည်တွင်းရှိ အင်အားကြီး နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ

#စစ်ကောင်စီ #ရွေးကောက်ပွဲကော်မရှင် #ကမ္ဘောဒီးယားရွေးကောက်ပွဲ #သွားရောက် လေ့လာ #ပုံတူကူးချ #စိတ်ကူးယဉ်မှု #Ayeyarwaddy_Times