ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
အာဆီယံနိုင်ငံတွေက မြန်မာစစ်ကောင်စီနဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံနိုင်တယ်လို့ မလေးရှားဝန် ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို ဝေဖန်မှုတွေ အများဆုံးပြုလုပ်နေတဲ့ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ တွေ့ဆုံစဉ် အန်ဝါအီဘရာဟင်က အဆိုပါကိစ္စ ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူ ညီချက် ၅ ရပ်ကို သူက ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို မထိခိုက်စေဘဲ အာဏာသိမ်းစစ် ကောင်စီနဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံတာတွေ ပြုလုပ်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းဟာ ဒီလအစောပိုင်းမှာ မြန်မာနိုင်ငံသို့သွားရောက်ကာ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိခိုက်စေတာကြောင့် သူရဲ့မြန်မာခရီးစဉ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Malaysia suggests informal approach to Myanmar military