ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ဧရာဝတီဒေသကြီး၊ ဘိုကလေးမြိုနယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာတွင် ဇူလိူင်လ ၂၇ ရက်နေ့က မြစ်အတွင်းငါးဖမ်းပိုက်ဖော်နေသည့်အမျိုးသားတစ်ဦး မိချောင်းဆွဲခံရပြီး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ဒေသခံများနှင့် နယ်မြေကျွမ်းကျင်သူများမှလိုက်လံရှာဖွေသော်လည်း ဇူလိုင်လ ၂၈ ရက်နေ့မနက်ပိုင်းအထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံများမှ ပြောသည်။
“ခုထိတော့ပြန်မတွေ့သေးပါဘူး၊ ကမ်းစပ်မှာတော့ မိချောင်းဆွဲသွားတယ်ဆိုတဲ့ အျက်အလက်တွေအများကြီးတွေ့တာကြောင့်ခုလိုပြောလို့ရတာ။ ကျေးရွာတွေမှာလဲ မိချောင်းအန္တရာယ်သတိပေးဆိုင်းဘုတ်တွေကပ်ထားပေးတယ်၊ သတိလွတ်သွားတာနဲ့ ခုလိုဖြစ်တာပဲ”ဟု ရှာဖွေရေးပြုလုပ်ပေးနေသည့် ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်သို့ ပြောသည်။
အဆိုပါအမျိုးသားသည် အသက် ၃၅ နှစ်အရွယ် ဦးရဲနောင်ဆိုသူဖြစ်ပြီး မနက် ၆ နာရီအချိန်က နှာကြီးချာင်းအတွင်း ထောင်ထားခဲ့သော ငါးဖမ်းပိုက်ကို သွားဖော်ရာမှ မိချောင်းဆွဲခံရခြင်းဖြစ်ကြာင်းဒေသခံများမှ ပြောသည်။
ဘိုကလေးမြိုနယ်တွင် ချောင်းမြောင်းအင်းအိုင်ပေါများပြီး မိချောင်းအများအပြားကျက်စားရာဒေသဖြစ်သည့်အတွက် ဒေသခံကျေးရွာများမှာ မိချောင်းအန္တရာယ်နဲ့ မကြာခဏ ရင်ဆိုင်နေရပြီး အသက်သေဆုံးမှုများနှင့် ကိုယ်လက်အင်္ဂါပျက်စီးဆုံးရူံးမှုတွေ နှစ်စဥ်ကြုံတွေ့နေကြောင်းသိရှိရသည်။
#ဘိုကလေးမြို့နယ် #အမျိုးသားတစ်ဦး #မိချောင်းဆွဲခံရ #မိချောင်း #Ayeyarwaddy_Times