နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်သာကျေးရွာတွင် စစ်ကြောင်းထိုးဝင် ရောက်ကာ စခန်းအထိုင်ချနေသည့်စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၁၅၀၀ ကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း ဒေသခံတွေစီကနေ သိရသည်။
စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၅ ရက်နေ့ကတည်းက ရွာစဥ်ပတ် စစ်ကြောင်းထိုးနေ ခြင်းဖြစ်ပြီး ညောင်ပင်သာရွာကို ရောက်ရှိကာ စခန်းချနေ၍ ဒေသခံအားလုံးနီးပါး စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ရွာထဲမှာစခန်းချနေတာ နှစ်ရက်ရှိနေပြီ။ အနီးအနားမှာရှိတဲ့ ကျေးရွာတွေပါ ထွက်ပြေးနေရတာ” ဟု အသက်၄၀အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက လက်ပံတောင်းတောင်ကျေးရွာရှိ အိမ်နှစ်လုံးကို မီးရှိုခဲ့ဖျက်ဆီး၍ ခွန်သာရွာ၊ ရင်ပေါင် တိုင်ရွာ၊ သရက်ကိုင်းရွာနှင့် ဂျိုကုန်းရွာများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။
ပုံစာ- စစ်ကောင်စီတပ်၀င်ရောက်လာ၍ ညောင်ပင်သာကျေးရွာနှင့် ပတ်ဝန်းကျင်မှ ဒေသခံများထွက်ပြေးနေရစဉ်
#ညောင်ပင်သာရွာ #စစ်ကောင်စီတပ်စခန်းချ #ဒေသခံ၁၅၀၀ကျော် #ထွက်ပြေးနေရ #Ayeyarwaddy_Times