ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
ရုရှားနိုင်ငံက တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ မနေ့ကပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအ ဝေးမှာ ရုရှားရဲ့ ယူကရိန်းတောင်ပိုင်းအား အကြိမ်ကြိမ် တိုက်ခိုက်မှုကို အနောက်နိုင်ငံတွေက ရှုတ်ချခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကြောင့် အဆိုပါကိစ္စဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံတွေက အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
ယူကရိန်းဆိပ်ကမ်းတွေမှတစ်ဆင့် ကောက်ပဲသီးနှံတွေ တင်ပို့ခွင့်ပြုတဲ့ ဇူလိုင်လ ၁၇ ရက် သဘောတူညီ ချက်မှ ရုရှားနိုင်ငံ နှုတ်ထွက်ပြီးနောက် ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတောင်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ အိုဒစ် ဆာကို ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ အိုဒစ်ဆာမြို့ဟောင်းရှိ သမိုင်းဝင် ကစ်သလစ်ဘုရားကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပါတယ်။
“ကမ္ဘာကြီးက ရုရှားတွေရဲ့တိုက်ခိုက်မှုအတွက် ပေးဆပ်နေရပါတယ်။ တိုင်းပြည်တစ်ပြည်က အစားအစာ တွေကို လက်နက်အားကိုးဖျက်ဆီးနေပါတယ်” လို့ အစည်းအဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအ မတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဂျပန် ဒုတိယအမြဲတမ်းကိုယ်စားလှယ် ရှင်နိုမစ်ဆူကိုက ရုရှားနိုင်ငံကို ရှုတ်ချခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ထိခိုက်အောင်ပြုလုပ်တာ လက်သင့်ခံဖွယ်ရာမရှိဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယသံအမတ်ကြီး ဒီမီထရီပိုလန်စကီးက အဆိုပါအစည်းအဝေးကိုတက် ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ယခုလအလှည့်ကျဥက္ကဌ ဗြိတိန် နိုင်ငံကပြုလုပ်တဲ့ အဆိုပါအစည်းအဝေးကို သူက ကန့်ကွက်ခဲ့ပါတယ်။
ရှက်စရာအခြေအနေဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးကို ကန့်ကွက်ဖို့ ရုရှားနိုင်ငံ က ဆုံးဖြတ်ခဲ့တယ်လို့ ခန်းမအတွင်းမှမထွက်ခွာမီ ပိုလန်စကီးက သတင်းထောက်တွေကို ပြောပါတယ်။
ကိုးကား – NHK
Ref; Russia boycotts UNSC emergency meeting held at Ukraine’s request