ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီက ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ရှိ အကျဉ်းထောင်တစ်ခုမှ နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လာမယ့်သီတင်းပတ်အတွင်းပြုလုပ်မယ့် ဘာသာရေးဆိုင်ရာ အခမ်းအနားတစ်ခုနဲ့တိုက်ဆိုင်ပြီး နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားဖို့ စီစဉ်နေတာလို့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အစီအစဉ်နဲ့ပတ်သက်လို့ တရားဝင် အတည်ပြုချက်မရှိသေးပေမယ့် စစ်ကောင်စီနဲ့ ပတ်သက်မှုရှိတဲ့ မီဒီ ယာတွေက သတင်းထောက်တွေက အဆိုပါသတင်းကို ကြားသိရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းတွေကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ရှေ့နေအဖွဲ့ကိုလည်း မီဒီယာတွေနဲ့ စကားပြောဆိုခွင့် ပိတ်ပင်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ် မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။

စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ကျောက်ဆင်းတုတော် ဖွင့်လှစ်ပွဲအခမ်းအနားနဲ့တိုက်ဆိုင်ပြီး ဒေါ် အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ထားမယ့် အစီအစဉ်ကို စစ်ကောင်စီက ကြေညာလိမ့်မယ်လို့ နေ ပြည်တော်က တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ဘယ်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားမယ်ဆိုတာ အတိအကျ မသိရဘူးလို့ အမည်မဖော်လိုတဲ့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေအိမ်တစ်လုံးသို့ ရွှေ့ပြောင်းလိုက်ပြီဆိုတဲ့ BBC မြန်မာပိုင်းဌာနရဲ့ သတင်းဖော်ပြချက်ကို အတည်မပြုနိုင်ဘူးလို့ သူကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တောင်ရှိနေအိမ်မှာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်မှာ အကျဉ်းထောင်တစ်ခုသို့ မရွှေ့ပြောင်းမီ စစ်ဘက်အခြေစိုက်စခန်းတစ်ခုလို့ ယူဆရတဲ့ နေရာတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးနောက် နှစ်ပတ်အကြာမှာ အ သက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါ တယ်။

ကိုးကား – CNA
Ref; Myanmar’s military reportedly plans to move Aung San Suu Kyi to house arrest

#Ayeyarwaddy_Times