ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ရခိုင်ရိုးမနှင့်ထိစပ်နေသောသစ်တောများအတွင်း PDF တပ်ဖွဲ့များရောက်ရှိနေသည်ဟုဆိုကာ ဇူလိူင်လ၂၅ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များ စစ်ကြောင်းထိုးနေကြောင်ဒေသခံများ​ထံမှသိရှိရသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း တော်လှန်ရေးအင်အားစုများနေထိုင်သည့် တဲများနှင့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းအချို့ကို ဖမ်းမိပြီးနောက်ပိုင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရှာဖွေနေခြင်း ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“အင်အားတစ်ရာလောက်ရှိတယ်၊ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကတောထဲမှာ PDF စခန်း လက်နက်တွေနဲ့စခန်းတွေသိမ်းမိပြီးနောက်ပိုင်း စစ်တပ်ကရွာတွေမှာ တပ်စွဲတာ။ စစ်ကြောင်းထိုးတာတွေဆက်တိုက်လုပ်နေတာ”လို့ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်သို့ပြောသည်။

စစ်ကောင်စီတပ်သည် ကြံခင်းမြို့နယ်အတွင်းက သစ်တောများအပြင် ကျေးရွာတစ်ချို့ကို ၀င်ရောက်ရှာဖွေနေပြီး ရိက္ခာအပြည့်အစုံနှင့် လာရောက်စခန်းချနေထိုင်နေသောကြောင့် သာမန်ကျေးရွာသာများအနေနှင့် မတရားစွပ်စွဲဖမ်းဆီးခံရမှာဒေသခံတွေကစိုးရိမ်နေကြကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ၂၀ ရက်နေ့က ကြံခင်းမြို့နယ်၊ မိုးထိတောင်ရှိသစ်တောအတွင်းမှာ လက်နက်တွေနဲ့ စခန်းတစ်ခုကို ဇူလိူင်လ၂၀ ရက်က သိမ်းဆည်းရမိခဲ့သော်လည်း PDFတပ်ဖွဲ့၀င်များကို ဖမ်းဆီးရမိတာမရှိကြောင်းစစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်များမှ ဖော်ပြထားသည်။

“ဧရာ၀တီလို ထွက်ပေါက်မရှိတဲ့နေရာမှာ PDF စခန်းတွေ့ပြီး PDF တွေမရှိဘူးဆိုတာကမဖြစ်နိုင်တာ။ ရှေ့တန်းမထွက်ခြင်လို့‌ဉာဏ်များနေတာဖြစ်နိုင်တယ်”ဟု စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦမှပြောသည်။

ဧရာ၀တီတိုင်းအတွင်းက ရခိုင်ရိုးမနဲ့ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်လမ်းသစ်တောတွေအတွင်း စစ်ကောင်စီတပ်မှက တောနင်းရှာဖွေခြင်းကိုလစဥ်အမြဲပြုလုပ်လေ့ရှိကြောင် ဒေသခံများထံမှသိရှိရသည်။

ဓာတ်ပုံ-ရခိုင်ရိုးမ ပုံဟောင်း
#‌ကြံခင်းမြို့နယ် #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ကျေးရွာများတွင်တပ်စွဲ #PDF #Ayeyarwaddy_Times