ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
ယူကရိန်းကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားစစ်တပ်မှာ မြန်မာနိုင်ငံကထုတ်လုပ်တဲ့ အမြောက်ကျည်တွေ သုံးစွဲနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံမှထုတ်လုပ်တဲ့ ၁၂၀ မီလီမီတာ အမြောက်ကျည်တွေ သုံးစွဲနေတာကို တွေ့ရတယ်လို့ ယူကရိန်းစစ်လက်နက်စုံစမ်းသူတွေရဲ့ ဓာတ်ပုံတွေက ဖော်ပြနေပါတယ်။
အမြောက်ကျည်ပေါ်က အမှတ်အသားအများစုကို ဖျက်ထားပေမယ့် အဆိုပါအမြောက်ကျည်တွေဟာ မြန် မာနိုင်ငံမှာ ထုတ်လုပ်ထားတဲ့ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိတယ်လို့ သိရပါတယ်။
ရုရှားသံအမတ်တွေဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ နီးကပ်သောဆက်ဆံရေး ထူထောင်ဖို့ စဉ် ဆက်မပြတ် ကြိုးပမ်းနေပါတယ်။
မြန်မာစစ်ကောင်စီနဲ့ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မိတယ်လို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာစစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ နျူက လီးယား၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်လာခဲ့ပါတယ်။
စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ဟာ အရှေ့အာရှစီးပွားရေးဖိုရမ် တက်ရောက်ဖို့ ရုရှားနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုတစ်လုံး အကောင်အထည်ဖော်ဖို့ အပါအ ဝင် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ရာမှာအသုံးပြု တဲ့ စစ်လက်နက်တွေက ရုရှားနိုင်ငံက မြန်မာစစ်တပ်ထံ ထောက်ပံ့နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ မြန်မာလေတပ်ဟာ ရုရှားထုတ် Su-30SME ဂျက်တိုက်လေယာဉ်နှစ်စင်းကို လက်ခံရရှိခဲ့ရာ Su-30SM အမျိုးအစား ဂျက်တိုက်လေယာဉ်မူကွဲ လက်ခံရရှိတဲ့ ပထမဆုံးတိုင်းပြည်ဖြစ်လာခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အိန္ဒိယနဲ့မြန်မာနိုင်ငံမှ စစ်လက်နက် နဲ့ဒုံးကျည်တွေ ပြန်လည်ဝယ်ယူခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ကိုးကား – Militarnyi
Ref; Russia received ammunition manufactured by Myanmar