ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၆ ရက်
ကရင်နီပြည်သို့ စစ်ကြောင်းထိုး၀င်ရောက်နေသည့် စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ဘီလူး စစ်ကြောင်းသည် ကရင်နီပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက် ခံရမှုကြောင့် ထိခိုက်သေ ဆုံးမှုများနေကြောင်း သိရသည်။
မိုးဗြဲ-လွိုင်ကော်လမ်းမတစ်လျှောက်တွင် ပြီးခဲ့သည့်ရက် ဇူလိုင် ၂၁ ရက်မှစတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိကြောင်း ကရင်နီ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်သည် အဆိုပါလမ်းမကြီးတစ် လျှောက်စစ်ကြောင်းထိုးနေပြီး ရှမ်းပြည် အခြေစိုက်တပ်များကို ကရင်နီသို့ပို့ဆောင်၍ ကရင်နီပူး ပေါင်းတပ်များကို တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ပြောတဲ့ ဘီလူးစစ်ကြောင်းလား၊ ဘာလားတော့ မသိဘူး။ သေတာ အတုံးအရုံးပဲ။ စစ်ကြောင်းထိုးလာလိုက် ထိုင်ဖြုတ်လိုက်ဆိုတော့ တပ်ရင်းအင်အားတွေ ထပ်တိုးပို့ပြီး မိုးဗြဲလမ်းမကြီးကို ထိန်းချုပ်ချင်နေတာ။ ဘီလူးစစ်ကြောင်းက သက်တမ်းကုန်ဆုံး တာများလာတော့ လက်နက်ကြီးပစ်ကူတွေကလည်း တောက် လျှောက် ပစ်နေတာ။ လက်နက် အပြည့်အစုံမရှိတဲ့ စစ်ကိုင်းကိုပဲ သူတို့လုပ်ချင်တိုင်း လုပ်လို့ရမယ်။ ခုတော့ ဘီလူးစစ်ကြောင်းက သရဲစစ်ကြောင်းဖြစ်သွားပြီ၊ သေကုန်လို့” ဟု ကရင်နီစစ်ရေး သတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် ပြည်သူများကို မီးရှို့ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြခဲ့သည့် ဘီလူးစစ်ကြောင်းဆိုသည့် တပ်မ ၉၉ တပ်ဖွဲ့တစ်ခုလုံးကို ကရင်နီသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ဘီလူးစစ်ကြောင်းဟုနာမည်ပေးထားသည့် တပ်မ (၉၉) လက်အောက်ခံ ခလရ-၇၀၈ တပ်ရင်းအပါအ၀င် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၄) လက်အောက်ခံတပ်ရင်းများမှာ ဒီမောဆို့မြို့နယ်တွင် စစ်ကြောင်းထိုး၀င်ရောက်နေပြီး ကရင်နီပူး ပေါင်းတပ်များ၏တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုများနေပြီး အင်အားများ ထပ်မံပို့ဆောင်နေရသော်လည်း စစ်တပ်ဝါဒဖြန့် ချန်နယ်များတွင်မူ အနိုင်ရရှိနေကြောင်း ရေးသားဖော်ပြထားသည်။
“ခု ယူနီဖောင်းကိုကြည့်ရတာ အလယ်ပိုင်းတိုင်းက ထောက်ပို့တပ်ကပဲ။ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း (လပခ ထောက်ပို့-၁၂၁) ။ နန်းတွင်း ထောက်ပို့တပ်က။ တကယ်ဆို ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် (ညောင်ရွှေ၊ ထပရ-၂၂၂) လည်းရှိတာ။ ထောက်ပို့ တပ်တွေအများကြီးကိုမှ တိုင်းတွေကျော်ခွပြီး ပို့နေရပုံထောက်ရင်တော့ တပ်အင်အား အတော်ပြုန်းတီးနေတယ်လို့ထင်တယ်။ ကရင်နီခွင်ဆိုရင် ရှေ့ပိုင်းတိုင်း ထောက်ပို့တပ် တွေလည်းရှိတယ်” ဟု CDM ပြုလုပ်ထားသည့် စစ်ဗိုလ်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကလည်း ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်း- ဖယ်ခုံဘက်ကို စစ်ကောင်စီအင်အား တစ်ထောင် ကျော်အင်အား ဖြည့်တင်း၍ စစ်ကားအစီး ၅၀ နီးပါး ဖြင့် ထပ်မံရောက်ရှိလာကြောင်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုထံက သိရသည်။
ဓာတ်ပုံ-Karenni Generation Youth
#ကရင်နီ #ဘီလူးစစ်ကြောင်း #သေဆုံးမှုများ #အင်အားဖြည့်တင်း #တပ်အင်အား၁၀၀၀ကျော် #ထပ်မံပို့ဆောင် #Ayeyarwaddy_Times