ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၆ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ကို ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်များြဖင့် ဗုံးကြဲခဲ့ကြောင်း မြို့ခံပြည်သူများထံက သိရသည်။

ယမန်နေ့ ည ၆ နာရီ ၅၀ မိနစ်တွင် ဗုံးများကြဲချခဲ့ပြီး ဗုံးကြဲစဉ် အသုံးပြုသည့် ရဟတ်ယာဉ်များမှာ Mi-35M အမျိုးအစားဖြစ်ပြီး ဗုံးသီး အလုံး ၅၀ ခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနေ့က လေယာဉ်နဲ့ မြို့ထဲအထိကို ပစ်တယ်။ အခုအချိန်ထိ ဘယ်သူမှ သွားမကြည့်ရဲသေးဘူး။ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှု အခြေအနေတွေတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ခါမ်းပါတ်မြို့သို့ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ရဟတ်ယာဉ် သုံးစီးဖြင့် စစ်တပ်အင်အားလာရောက်ဖြည့်တင်းစဉ် ဒေသကာကွယ်ရေးတပ်များနှင့်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

#တမူးခရိုင် #ခမ်းပတ်မြို့ #စစ်ကောင်စီရဟတ်ယာဉ် #ဗုံးအလုံး၅၀ခန့်ကြဲချ #Ayeyarwaddy_Times