ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

နိုင်ငံခြားရေးဝန်ကြီး ကျင်းဂေါင်ကို ရာထူးမှဖယ်ရှားလိုက်ပြီလို့ တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြလိုက်ပါတယ်။

ကျင်းဂေါင်ကို ရာထူးမှဖယ်ရှားရတဲ့ အကြောင်းရင်းကို မဖော်ပြဘဲ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲ တမ်းကော်မတီက အခုလို ဆုံးဖြတ်ခဲ့တာလို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

တရုတ် နိုင်ငံခြားရေးရာ မူဝါဒကိုကြီးကြပ်ရတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဉီးဖြစ်သူ ဝမ်ယိ ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ဖို့ အမြဲတမ်းကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဝမ်ယိနေရာဆက်ခံဖို့ ကျင်းဂေါင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ ပြီး ဒီနှစ်မတ်လမှာ ဒုတိယဝန်ကြီးချုပ်နဲ့ အဆင့်တူတဲ့ ရာထူးတစ်ခုဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင်အဖြစ် ရွေး ကောက်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင်လ ၁၄ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံတွေရဲ့ အစည်းအဝေးမှာ နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် ကျင်းဂေါင် တက်ရောက်ဖို့ မျှော်လင့်ခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်ကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေတဲ့ ကျင်းဂေါင်ဟာ ကျန်းမာရေးအခြေအနေ ကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မတက်ရောက်နိုင်တာလို့ တရုတ် နိုင်ငံခြားရေးဝန် ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဟောင်ကောင်ရုပ်သံဌာနတစ်ခုမှ အမျိုးသမီး သတင်းထောက်တစ်ဉီးနဲ့ဆက်ဆံရေးကြောင့် ကျင်းဂေါင် ဟာ စစ်ဆေးခံနေရတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

ကိုးကား – NHK
Ref; China Foreign Minister Qin Gang removed from post, to be succeeded by Wang Yi

#Ayeyarwaddy_Times