ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်
မြောက်အာဖရိကတိုင်းပြည်တစ်ခုဖြစ်တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၃၄ ဉီးထက်မနည်း သေဆုံးကာ ၂၆ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံတစ်ဝန်း အထူးသဖြင့် တိုင်းပြည်မြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းဧရိ ယာတွေမှာ တောမီးလောင်ကျွမ်းနေတာဖြစ်ပါတယ်။
သေဆုံးသူ ၃၄ ဉီးထဲမှာ စစ်သား ၁၀ ဉီး ပါဝင်ပြီး လူ ၂၆ ဉီး ဒဏ်ရာရရှိကာ ၁၅၀၀ ကို ဘေးလွတ် ရာရွှေ့ပြောင်းခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
တောမီးလောင်ကျွမ်းမှုက မြန်မြန်ဆန်ဆန် ပျံ့နှံလာတာကြောင့် ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်း နေချိန် မီးတောက်တွေအတွင်း ပိတ်မိခဲ့တဲ့စစ်သားတွေ သေဆုံးခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြေထဲပင်လယ်အနီးရှိ တိုင်းပြည်တွေမှာ အပူလှိုင်းဖြတ်သန်းနေတာကြောင့် အပူချိန်မြင့်တက်ကာ တော မီးလောင်ကျွမ်းမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အိမ်နီးချင်း တူနီးရှားနိုင်ငံမှာ အပူချိန်က ၄၉ ဒီဂရီဆဲစီးယပ်အထိ ရှိခဲ့တာကြောင့် တိုင်းပြည်အနောက်ပိုင်း မှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဂရိနိုင်ငံပိုင် Rhodes ကျွန်းပေါ်မှာလည်း တောမီးလောင်ကျွမ်းမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကိုးကား – NHK
Ref; Wildfires in Algeria kill more than 30