ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းသစ် ၁၀ ခုကို စစ်ကောင်စီကခွင့်ပြုလိုက်‌ချိန်တွင် NLD အစိုးရလက်ထက်ထက် ကန်ဒေါ်လာ သန်းသုံးထောင်ကျော်လျော့ကျဆဲဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၁၅၈ သန်း၊ကျပ်ငွေအားဖြင့် ၂၅၄,၉၅၁.၄၄၂ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၆၄၀ ခုဖန်တီးနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှတ်နှံမှု ကော်မရှင် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ပြောကြားခြင်းဖြစ်သည်။

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၆၂၁ ဒသမ ၃၆၂ သန်းရှိကြောင်း DICA စာရင်းများအရသိရသည်။

NLD အစိုးရလက်ထက်၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၈‌၈၀.၉၇၃ ရှိခဲ့ရာ စစ်ကောင်စီလက်ထက် ရင်းနှီးမြှတ်နှံမှုနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာသန်းသုံးထောင်ရင်းနှီးမြှပ်မှုလျော့နည်းနေခြင်းဖြစ်သည်။

ထိုအခြေအနေတွင် ဒီမိုကရေစီအစိုးရသက်တမ်း တတိယနှစ် ( NLD အစိုးရ) စီးပွားရေးကျဆင်းလာ‌ကာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်နှုန်း ၃ ရာခိုင်နှုန်းသာရှိကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၄၇ ဒသမ ၁၂၇ သန်းရှိကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ထံမှ သိရသည်။

အာဏာသိမ်းစစ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုအများဆုံးနိုင်ငံမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှပ်နှံမှုများထဲမှ လျှပ်စစ်ကဏ္ဍတွင် ၂၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၅၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းရှိကြောင်း ယင်းဌာနစာရင်းများအရသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#နိုင်ငံခြားရင်းနှီးမြှပ်မှု #လုပ်ငန်းဆယ်ခု #DICA
#Ayeyarwaddy_Times