
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ရှေ့တန်းတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရ၍ ဆေးကုသရာမှ ပြန်လည်ကောင်းမွန်လာသည့် အရာရှိစစ်သည်များကို ဒုတိယအကြိမ် အပန်းဖြေခရီးအဖြစ် ကမ်းခြေများသို့ စစ်ကောင်စီက ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့တွင် ဒဏ်ရာရအရာရှိ စစ် သည်များကို အပန်းဖြေခရီးအဖြစ် ဧရာ၀တီတိုင်း ဒေသကြီးရှိ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတို့ကို ဒုတိယအကြိမ်အဖြစ် ပို့ဆောင် ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
“ရှေ့တန်းမှာ မသေဘဲ ဒဏ်ရာနဲ့ပြန်လာတဲ့ စစ်သည် တွေကို လိုက်ပို့တာပေါ့။ ဒါကဒုတိယအကြိမ်ပို့တာ။ ရန်ကုန်နဲ့ နေပြည်တော်စစ်ဆေးရုံက စစ်သည်တွေပေါ့” ဟု စစ်ဌာနချုပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ အပန်းဖြေခရီးစဉ်အတွက် နေပြည်တော်နှင့် ရန်ကုန် တိုင်းတို့မှတစ်ဆင့် စစ်တပ်လေယာဉ်များ၊ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ကောင်း မွန်လာသည့် စစ်ကောင်စီတပ်သားများကို အနားယူ အပန်းဖြေခရီးအဖြစ် ချောင်းသာနှင့် ငပလီကမ်းခြေ သို့ ပို့ဆောင်ပေးခဲ့သေးသည်။
စစ်ကောင်စီသည် ဒဏ်ရာရ စစ်သည်များကို အပန်းဖြေခရီး ပို့ဆောင်ပေးပြီးနောက် ရှေ့တန်းစစ်မြေမြင်သို့ ပြန်လည်စေလွှတ်ကြောင်းနှင့် ပထမအကြိမ် အပန်းဖြေခရီး ပို့ဆောင်ခံရသည့် စစ် သည်များလည်း ရှေ့တန်းသို့ ပြန်လည်ထွက်ခွာ၍ တာ ၀န်ထမ်းဆောာင်နေရကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
#စစ်ကောင်စီ #ဒဏ်ရာရ #အရာရှိ #စစ်သည် #အပန်း ဖြေခရီး #ချောင်းသာ #ငပလီ
#Ayeyarwaddy_Times