ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ဘေးအန္တရာယ်ကင်းစွာ နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂမှာ တောင်းဆိုမှု တွေ ထပ်မံရှိလာပြီးနောက် မြန်မာစစ်ကောင်စီအပေါ် ဖိအားတိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတက်ကြွ လှုပ်ရှားသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုနေပါတယ်။
ထောင်နဲ့ချီတဲ့သူတွေ သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ ရတဲ့ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေဟာ ဆယ် စုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေ ခံခဲ့ရတာပါ။
ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ စစ်ကောင်စီကို တောင်းဆို ထားတဲ့ ရိုဟင်ဂျာတွေ၊ မြန်မာနိုင်ငံရှိ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ် ချက်တစ်ရပ်ကို ဒီလအစောပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့ပါတယ်။
“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အဆင်ပြေချောမွေ့စေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဘက်ပေါင်းစုံက နေ စစ်ကောင်စီအပေါ် ဖိအားပိုပေးသင့်ပါတယ်” လို့ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ မိုဟာမက် ရီဇူဝမ်ခန်းက ပြောပါတယ်။
“ရိုဟင်ဂျာတွေအားလုံးက နေရပ်ပြန်လိုကြပါတယ်။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ နေရပ်ပြန်မယ် ဆိုရင် စစ်ကောင်စီက ကျွန်တော်တို့ကို ထပ်မံ ဖိနှိပ်လိမ့်မယ်” လို့ သူက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီက လျော့နည်းလာခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီဖို့ နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ သုံးစွဲနေရပါတယ်။
ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထွက်ခွာကာ မလေးရှားနဲ့ အင်ဒိုနီးရှားသို့သွားရောက်ဖို့ အန္တရာယ် များတဲ့ လှေနဲ့သွားတဲ့ ခရီးစဉ်တွေကို ပိုအသုံးပြုလာပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၃၅၀၀ ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားကိုသွားရောက်ဖို့ အန္တရာယ်များတဲ့ ပင်လယ်ပြင်ဖြတ်ကျော်ခရီးစဉ်ကို အသုံးပြုဖို့ ကြိုးပမ်းခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက (UNHCR) က ဆိုပါတယ်။
ကိုးကား – Arab News
Ref; Rohingya activists call for more international pressure on Myanmar