ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ စစ်လက် နက်တွေကို တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံ တင်ပို့ခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တရုတ်နိုင်ငံက ပယ်ချခဲ့လင့် ကစား မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူရဲ့ အစီရင်ခံစာတစ်စောင်ကို အမေရိကန်နိုင်ငံက ထောက်ခံပါတယ်။
“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူရဲ့ လုပ်ပိုင်ခွင့်အာဏာပိုင် အမေရိ ကန်နိုင်ငံက အထူ ထောက်ခံပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူး ရဲ့ အစီရင်ခံစာက တရုတ်နိုင်ငံက ပယ်ချခဲ့ပြီးနောက် သူက အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ တရုတ်နဲ့ရုရှားထံမှ ဒေါ်လာ ၁ ဘီလီယံကျော် တန်ကြေးရှိ စစ်လက်နက်တွေ တင်ပို့ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်ကောင်စီထံ စစ်လက်နက်တင်ပို့မှုတွေအကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၈ သတင်းစာရှင်းလင်းပွဲမှာ Sky TV က မေးမြန်းချိန်မှာ ဒီသတင်း ထွက်လာခဲ့တာပါ။
“ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူဟာ သူရဲ့ လုပ်ပိုင်ခွင့်အာဏာပိုင် ကျော် လွန်ခဲ့တယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။
“အစီရင်ခံစာမှာ အချုပ်အချာအာဏာပိုင်နိုင်ငံတွေကြား သာမန် လက်နက်ကုန်သွယ်မှုကို ဆန့်ကျင်တဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ အထူးအစီရင်ခံစာတင်ပြသူအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာပိုင် မကျော် လွန်ဖို့ ကျွန်မတို့ သူ့ကို ပြောထားပါတယ်” လို့ မော်နင်က ဆိုပါတယ်။
“ဒေါ်လာဘီလီယံချီတန် သေမန်းတမန် လက်နက်ကုန်သွယ်မှု၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို အားပေးနေတဲ့ နိုင်ငံတကာ လက်နက်ကွန်ရက်” လို့ အမည်ပေးထားတဲ့ အဆိုပါ အစီရင်ခံစာအရ မြန်မာ စစ်တပ်ဟာ နိုင်ငံပိုင်လုပ်ငန်းတွေ အပါအဝင် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၆၇ သန်းကျော်တန်ကြေးရှိ စစ်လက်နက် တွေ တင်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအမြောက်အများဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကြား မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ကုန်ကြမ်းတွေ အမြောက်အများ တင်ပို့ခဲ့တယ်လို့ ဆိုပါ တယ်။
တရုတ်နိုင်ငံက တင်ပို့ခဲ့တဲ့ စစ်လက်နက်တွေထဲမှာ ဂျက်တိုက်လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ တင့် ကားတွေ၊ ကုန်ကြမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
ကိုးကား – VOA
Ref; US Dismisses China’s Rejection of UN Accusations of Arms Transfers to Myanmar