နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်သည့်အတွက် ဒေသခံပြည်သူ (၈၀၀၀) ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရချိန် ချောင်းရေမြင့်တက်လာသဖြင့် စစ်ဘေးရှောင်များ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။
ဇူလိုင်၂၃ ရက်ကတည်းက စစ်ကြောင်းထိုးလာသည့်အတွက် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရချိန် ယမားချောင်ရေးကြီးလာသည့် အတွက် အခက်အခဲ ကြုံနေရခြင်း ဖြစ်သည်။
” စစ်ကြောင်းက သုံးကြောင်းဆိုတော့ အခက်ခဲတော့ရှိတာပေါ့။ ခုက ချောင်းရေကလည်းကြီး ပြီး ထွက်ပြေးနေရတဲ့ကျေးရွာတွေကလည်းအရမ်းများလာနေတော့ ကျွန်တော်တို့တော်လှန်ရေးအဖွဲ့ကတော့ ဒေသခံတွေကို ကာကွယ်ရင်း စစ်လည်းတိုက့်ပေါ့ဗျာ ခုဆို ထွက်ပြေးလာရတဲ့ဒေသခံပြည်သူ ရှစ်ထောင် လောက်ရှိလာပြီ။ ကျေးရွာ ဆယ်ရွာလောက်က ပြေးလာတာဆိုတော့ စားဝတ်နေရေးအခက်ခဲတော့ဖြစ်နေတယ်” ဟု စစ်ဘေးရှောင်တွေကို ကာကွယ်ပေးနေသူ ဓားမဆိုင်းတပ်ရင်း (၂၈) တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြော သည်။
ဇူလိုင် ၂၃ ရက်နေ့တွင် စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးလာသည့်အတွက် ညောင်ပင်ကြီး ကျေးရွာ ၊ ဆားလင်းကြီး ကျေးရွာ၊ ခွန်သာရွာ၊ ညောင်ပင်သာရွာ၊ ရင်ပေါင်တိုင်ရွာ ၊ သရက်ကိုင်းရွာ ၊ အောင်ချမ်းသာရွာ ၊ ကန်တောရွာ၊ ဒုံးတောရွာ ၊ လင်းဇကြတ်ရွာ၊ နက်ကတောရွာ၊ ဗိုလ်ချုပ်ကုန်းရွာ နှင့် တောင်ကြားရွာတို့တွင် နေထိုင်သည့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်း ဖြစ်သည်။
ဓာတ်ပုံ-စစ်ရှောင်ဆားလင်းကြီးဒေသခံများ
#စစ်ကြောင်းထိုး #ထွက်ပြေးနေရ #ဆားလင်းကြီးဒေသခံ #ချောင်းရေတက် #အခက်အခဲကြုံနေရ#Ayeyarwaddy_Times