ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်သားတွေကင်းစောင့်သည့် နေရာအများစုကို ပြည်သူ့စစ်များဖြင့် အစားထိုးကင်းချထားမှုများပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သားအများစုကို နေပြည်တော်သို့ စေလွှတ်ပြီးနောက်ပိုင်း ဘဏ်နှင့် တချို့ဂိတ်ကင်း စခန်းများတွင် ပြည်သူ့စစ်နှင့် ရဲများကို ပေါင်းပြီး လုံခြုံရေးချထားမှုများပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
” အရင်လို ခြင်းကျားတပ်ကတော့ မတွေ့ဘူး တစ်ပတ်လောက်ရှိပြီထင်တယ် မတွေ့တာ။ အဲ့နေရာမှ ပြည်သူ့စစ် အသက်ကြီးကြီးတွေ ရောက်လာတာ တွေ့တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်က အစိုးရအဖွဲ့ရုံးနဲ့ လွှတ်တော်စသည့် အရေးကြီးနေရာများတွင်သာ စစ်ကောင်စီတပ်သားများ ထားရှိပြီး ကျန်နေရာများကို ပြည်သူ့စစ်နှင့် ရဲများဖြင့် အစားထိုးထားခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ထဲတွင်လည်း အသက်ကြီးပြီး ကျန်းမာရေးမကောင်းသည့် ပင်စင်သွားကာနီ တပ်သားများဖြင့် လုံခြုံရေးကင်းစောင့်တာတွေ ပြုလုပ်နေရကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #လုံခြုံရေး #ပြည်သူ့စစ် #Ayeyarwaddy_Times