ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

ဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ကြေညာပြီးနောက် ကမ္ဘောဒီးယား နိုင်ငံရှိ ပြည်ပအကူအညီပေးရေး အစီအစဉ်တွေကို ရပ်ဆိုင်းကာ ဒီမိုကရေစီဖျက်ဆီးသူများအပေါ် ဗီဇာပိတ်ပင်မှု တွေ ပြုလုပ်မယ်လို့ အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

မဲရုံတွေပိတ်သိမ်းချိန်မှာ အာဏာရ CPP ပါတီက အမတ်နေရာ ၁၂၅ နေရာအနက် အမတ်နေရာ ၁၂၀ မှာ အနိုင်ရရှိခဲ့တယ်လို့ ကနဉီးရလဒ်တွေအရ သိရပါတယ်။

အဓိက အတိုက်အခံပါတီကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်ကာ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်း ခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်းတွေနဲ့ တိုက်ခိုက်တာတွေပြုလုပ်တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေ က ရွေးကောက်ပွဲကို ရှုတ်ချခဲ့ပါတယ်။

ဆန္ဒပြတဲ့အနေနဲ့ မဲစာရွက်တွေကို ဖျက်ဆီးပစ်ဖို့ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့တာကြောင့် ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ အကြံပြုသူတိုင်းကို ဖိနှိပ်ခွင့်ပြုဖို့ ကမ္ဘောဒီးယားအစိုးရက ရွေးကောက်ပွဲဉပဒေတွေကိုတောင် ပြင်ဆင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ပြောပါတယ်။

“ရွေးကောက်ပွဲမတိုင်မီ ကမ္ဘောဒီးယားအာဏာပိုင်တွေက အတိုက်အခံ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာတွေ ပြုလုပ်ခဲ့တာ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဉပဒေနဲ့ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားကို ထိခိုက်စေပါတယ်” လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီ ဖျက်ဆီးသူတွေကို ဗီဇာကန့်သတ်ချက်တွေပြုလုပ်ဖို့နဲ့ ပြည်ပအကူအညီအစီအစဉ်တွေ ရပ် ဆိုင်းဖို့ အမေရိကန်နိုင်ငံက လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

ကိုးကား – The Diplomat
Ref; US Announces Visa Bans, Aid ‘Pause’ After Flawed Cambodian Election

#Ayeyarwaddy_Times